ဆရာကြီးဖူးစကောလယ်တော၏ ကရင်တော်လှန်ရေးသမိုင်း ပို့ချချက်
အပိုင်း ( ၂ )
*********************************
ဝေါမုတ်မုတ်
မင်္ဂလာမနက်ခင်းပါဗျာ ဆရာကြီးဖူးစကောလယ်တော၏ ကရင်တော်လှန်ရေးသမိုင်း ပို့ချချက်ကနေ ပြန်လည်ကြိုဆိုလိုက်ရပါတယ်။
ယနေ့ပို့ချပေးမှာက ကရင်တို့မူလနေထိုင်ရာ ထီဆေ့မေ့ယွား လို့ ခေါ်တဲ့ ဂိုဘီသဲကန္တရကနေ မြန်မာပြည်ထဲ ဝင်ရောက်လာပုံအကြောင်းပဲ ဖြစ်ပါတယ်။.
ကရင်လူမျိုးများဟာ ထီဆေ့မေ့ယွားမှာနေထိုင်ရင်း နေထိုင်စားသောက်ရေးအတွက် လုပ်ကိုင်စားသောက်ရာမှာ အခက်အခဲဖြစ်လာလို့ မူလနေထိုင်ရာအရပ်ကနေ တောင်ဘက်ကို တဆင့်ပြီ တဆင့်ပြောင်းရွေ့နေထိုင်လာခဲ့ကြပါတယ်။
ဒီလိုပြောင်းရွေ့နေထိုင်လာရာမှာ တရုတ်ပြည် ယူနန်နယ်မှာ အချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ တခြားလူမျိုးစုတွေရဲ့ ဖိနှိပ်မှု အနိုင်ကျင့်မှုတွေကြောင့် ယူနန်နယ်ကနေတဆင့် လမ်းကြောင်းသုံးသွယ်ကို အသုံးပြုပြီ မြေနေရာသစ်ကို ရှာဖွေလာခဲ့ကြပါတယ်။
အဲဒီလမ်းကြောင်းသုံးသွယ်က
၁။မဲခေါင်မြစ်
၂။ဧရာဝတီမြစ်
၃။သံလွင်မြစ်တွေပဲဖြစ်ပါတယ်။
ဒီလမ်းသုံးသွယ်ထဲက မဲခေါင်မြစ်ဟာ ထီဆေ့မေ့ယွားအရပ်က မြစ်ဖျားခံပြီ တရုတ်ပြည် ယူနန်နယ်ကိုဖြတ်ကျော်စီးဆင်းလို့ လာအို ထိုင်း ကမ္ဘောဒီးယား ဗီယက်နမ်နိုင်ငံများကို ဖြတ်ပြီ တောင်တရုတ်ပင်လယ်ထဲကို စီးဆင်းသွားတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ဒီလမ်းကြောင်းအတိုင်း ကရင်တွေဆင်းသက်လာခဲ့လို့ ခုချိန်ထိ လာအို ဗီယက်နမ် ကမ္ဘောဒီးယား ထိုင်းနိုင်ငံတွေမှာ ကရင်လူမျိုးအနွယ်တွေကို တွေ့နိုင်သလို ကရင်အသုံးအဆောင်တွေဖြစ်တဲ့ ဖားစည်စတာတွေကို တွေ့ရတာပဲဖြစ်ပါတယ်။
သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ထိုင်းနိုင်ငံချင်းမိုင်မြို့ဟာ ကရင်တွေ တည်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ ထိုင်းလူမျိုးတွေက တိုက်ခိုက်လုယက်လာလို့ တောင်ပေါ်ဒေသတွေမှာတစ်ချို့ထွက်ပြေးပြီ တစ်ချို့က အနောက်အရပ်သံလွင်မြစ်ကမ်းထိ ထွက်ပြေးလာခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအဆိုကိုထောက်ခံတာက ထိုင်းနိုင်ငံမှာ ဌာနေတိုင်းရင်းသားအဖြစ် ကရင်လူမျိုးတွေ ပါဝင်နေခြင်းကပဲ သက်သေဖြစ်နေတာကို တွေ့ရမှာပါ။
ဒုတိယလမ်းကြောင်းကတော့ ဧရာဝတီမြစ်ပဲဖြစ်ပါတယ်။
ယူနန်နယ်ကနေထွက်လာတဲ့အခါ ပထမရွေလီမြစ်ကြောအတိုင်း ဆင်းလာခဲ့ပြီနောက် ဧရာဝတီမြစ်ကြောဘက်ဆီ ဆက်ပြီဆင်းလာခဲ့ကြရင်း ယခု ပြည်လို့ခေါ်တဲ့နေရာရောက်တဲ့အခါ မြို့တည်ခဲ့ပါတယ်။
ပြည်မြို့ဟာ ကရင်တွေတည်ခဲ့တဲ့မြို့ပဲဖြစ်ပါတယ်။ တနည်းပြောရရင်တော့ ကရင်တွေနေထိုင်ခဲ့တဲ့မြို့ပါပဲ ခုထိလည်း ပြည်ဘက်မှာ ကရင်တွေ များစွာရှိနေတာကို တွေ့ရမှာပါနော် အဲမှာနေတဲ့သူတွေ ရောက်ဘူးတဲ့သူတွေ သိပါလိမ့်မယ်။
တစ်ချို့ကလည်း ပြည်မှာမနေဘဲ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွါလာခဲ့ရာပြီ မြစ်ဝကျွန်းပေါ်အရပ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ဒါကြောင့် ဧရာဝတီမှာရှိတဲ့ မြို့နယ်တိုင်းမှာ ကရင်ရွာတွေတည်ရှိနေတာကို တွေ့ရခြင်းပဲဖြစ်ပါတယ်။
တစ်ချို့က မေးကြတယ် ဧရာဝတီ မြစ်ဝကျွန်းပေါ်က ကရင်တွေဟာ ဘယ်ကနေလာသလဲပေါ့ ဒီအမေးအတွက် အဖြေက ယူနန်နယ်ကနေ ကရင်တွေစတင်ထွက်ခွါလာထဲက ဧရာဝတီ မြစ်ဝကျွန်းပေါ် အရပ်ဒေသမှာ စတင်နေထိုင်လာခဲ့တဲ့ ကရင်တွေပါဆိုတာကို ဖြေပေးလိုက်ရပါတယ်။
တတိယလမ်းကြောင်းက သံလွင်မြစ်ပါ
ဒီသံလွင်မြစ်ကြောင်းအတိုင်း ဆင်းသက်လာခဲ့တဲ့ ကရင်တွေထဲမှာ တစ်ချို့က ရှမ်းပြည်နယ်မှာ ကျန်နေခဲ့ပြီ နေထိုင်စားသောက်လာခဲ့ကြပါတယ်။
တစ်ချို့ကလည်း ဆက်လက်ဆင်းသက်လာခဲ့ရာမှာ တောင်ငူ ရွေကျင် ကျောက်ကြီး ဖာပွန် ဖားအံ သထုံ မော်လမြိုင် တနင်္လာရီ ဘိတ် ထားဝယ်ထိတိုင် ရောက်ရှိပြန့်နှံ့နေထိုင်ကြပါတယ်။
ဒါကတော့ ယူနန်နယ်ကနေပြီ ကရင်တွေ မြန်မာပြည်ထဲဝင်လာခဲ့ပုံကို တင်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုယူနန်နယ်ကနေ ထွက်ခွါလာခဲ့တုန်းက တစ်ခါထဲ ထွက်ခွါလာခဲ့တာတော့မဟုတ်ဘူး ပထမအသုတ် ဒုတိယအသုတ်ဆိုပြီ နှစ်ခါခွဲထွက်လာခဲ့ကြတာပါ။
ပထမအကြိမ်ထွက်ခွါလာတုန်းက ဘီစီ ၁၁၂၅ ဖြစ်ပါတယ်။
မဲခေါင်မြစ်ဝှမ်းကို အသုံးပြုပြီထွက်ခွါလာခဲ့တဲ့ အသုတ်ဟာ ပထမအသုတ်ပဲ ဖြစ်ပါတယ်။
ဒုတိယအသုတ်ကတော့ ဘီစီ ၇၃၉ မှာဖြစ်ပါတယ်။ ဧရာဝတီမြစ်နဲ့ သံလွင်မြစ်ကို အသုံးပြုခဲ့ပါတယ်။
ဒါကြောင့်ကရင်သက္ကရာဇ်ကို ရေတွက်ချင်ရင် ယခုရောက်ဆဲ ခရစ်သက္ကရာဇ်ကို ဘီစီ ၇၃၉နဲ့ ပေါင်းရပါတယ်။
ဥပမာ ယခု၂၀၁၇ကို ၇၃၉နဲ့ပေါင်းလိုက်တဲ့အခါ ၂၇၅၆ ရပါတယ်။ ဒီ၂၇၅၆ ဟာ ကရင်သက္ကရာဇ်ဖြစ်ပါတယ်။ ဒီကရင်သက္ကရာဇ်ကို ပညာရှင်အားလုံးကလည်း လက်ခံထားရှိပါတယ်။
ဟုတ်ပြီ ကရင်တွေ မြန်မာပြည်ထဲဝင်လာခဲ့ချိန် မြန်မာပြည်မှာ ဘယ်လူမျိုးတွေရှိနေပြီလဲ ကရင်ထက်အရင် စောပြီရောက်လာတဲ့လူမျိုးတွေ ရှိနေပြီလား
ကရင်လူမျိုးတွေကပဲ အရင်ဆုံးရောက်လာခဲ့တာလား ဆိုတာကိုတော့ မနက်ဖန်မှ ဆက်လက်လေ့လာကြည့်ရအောင်နော် ခုတော့ ဒီနေ့အတွက် ပို့ချချက်ကို ဒီမှာပဲ ရပ်နားကြစို့။
အမျိုးများအားလုံး သမိုင်းသိပြီ မိမိအမျိုးကို တန်ဖိုးထားနိုင်သူ ဖြစ်ပါစေ။
လေ့ကျင့်ခန်းမေးခွန်း
၁။ကရင်လူမျိုးများ ယူနန်နယ်မှထွက်လာသည့်အခါ လမ်းကြောင်းဘယ်နှစ်ခုအသုံးပြုပြီ ထွက်လာပါသလဲ။၎င်းအသုံးပြုခဲ့သော လမ်းကြောင်းအမည်များကို ဖော်ပြပါ။
၂။ကရင်လူမ်ျိုးများ ထိုင်းနိုင်ငံတွင်း တည်ခဲ့သော မြို့သည် မည်သည့်မြို့သနည်း။
၃။ကရင်လူမ်ျိုးများ ပထမဆုံးအကြိမ် ယူနန်နယ်မှ စတင်ထွက်ခွါလာခဲ့သည့်ခုနှစ်
၎။ကရင်လူမျိုးများ ယူနန်နယ်မှ ဒုတိယအကြိမ် ထွက်ခွါလာသည့်ခုနှစ်
၅။ကရင်သက္ကရာဇ်အမှန်လိုချင်ပါက
မည်သည့်ခုနှစ်နဲ့ မည်သည့်ခုနှစ်ကို ပေါင်းရပါသနည်း။
No comments:
Post a Comment