စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဂါယ်လောင်းရွာ ဘုန်းတော်ကြီးကျောင်းပျက်စီး

 စစ်ကောင်စီပစ်ခတ်သည့်  လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဂါယ်လောင်းရွာ ဘုန်းတော်ကြီးကျောင်းပျက်စီး






  ၁၆ ဧပြီ  ၂၀၂၄


ရခိုင်ပြည်  အမ်းမြို့နယ်တွင် ယမန်နေ့ ဧပြီလ ၁၅ရက် ည ၁၀ နာရီခန့်အချိန်က စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဂါယ်လောင်းရွာ ဘုန်းတော်ကြီးကျောင်းဟောင်းကို ကျရောက်ပေါက်ကွဲ၍ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောသည်။


အာရက္ခတပ်တော် AA က အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မတ်လ ၂၄ ရက်နေ့မှ စ၍  ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေဟုသိရသည်။


စစ်ကောင်စီသည်  အမ်းမြို့၏ ဝင်အထွက်လမ်းများကို ပိတ်ဆို့လိုက်သည့်အတွက် မြို့ခံများမှာ ဆန်နှင့် ဆေးဝါးများ ပြတ်တောက်နေပြီး စားဝတ်နေရေး အလွန်ခက်ခဲနေကြောင်း သိရှိရသည်။


အမ်းမြို့နယ်က စစ်ကောင်စီတပ်၏ တစ်စိတ်တစ်ပိုင်းကို အာရက္ခတပ်တော်AA က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း မြေပြင်၌ သတင်းတွေ ထွက်ပေါ်နေသာ်လည်း  ဒီဖြစ်စဉ်ကို AAမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးတဲ့အတွက် အတည်မပြုနိုင်သေးပါဘူး။


#lay_wadi_media #Rakhine #ရခိုင် #Ann #အကြမ်းဖက်စစ်ကောင်စီ

No comments:

Post a Comment

တိုက်ပွဲသတင်း

စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ

  ၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media  ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...