Posts

Showing posts from April, 2024
Image
 မင်းပြားမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲခံရမှုနှင့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား (၁၀)ဦး ကျော် ထိခိုက်ဒဏ်ရာရ ၃၀ ဧပြီ ၂၀၂၄ ရခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့အပြင် စစ်တွေမြို့ဘက်က ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။  မင်းပြားမြို့ကို ဒီနေ့ ဧပြီ ၃၀ ရက်နေ့ နံနက် ၁၀နာရီခန့်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့လို့ ဈေးဟောင်းပိုင်းရပ်ကွက်၊ စွန်ရဲလမ်းရှိ စည်ပင်ရုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားမှာ ရှိ‌တဲ့ နေအိမ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို  ပြောဆိုခဲ့သည်။ "ဗုံးလာကြဲတာ စည်ပင်ရုံးမှာ ဗုံးတစ်လုံးကျတယ်။ ရုံးတစ်ဆောင်လုံးပြိုပျက်သွားတယ်။ ပြီးတော့အဲ့ဒီရုံးနားမှာနေတဲ့ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ဒဏ်ရာရတယ် " လို့ ဆိုပါတယ်။ အလားတူ  နံနက် ၁၀နာရီ ၁၅မိနစ်ကလည်း စစ်တွေ မြို့ဘက်က ဟောင်ဝစ်ဇာ လက်နက်နဲ့ ပစ်ခတ်လို့ လက်နက်ကြီးကျည်ထိမှန်ပြီး မင်းပြားသပြေညိုရပ်ကွက်က လူနေအိမ် ၅ လုံး မ...

တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA သိမ်းပိုက်ခဲပြီးနောက် စစ်သုံးပန့် မိသားစုဝင်အများအပြားကို AA ကကယ်ထုတ်…

Image
 တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA သိမ်းပိုက်ခဲပြီးနောက် စစ်သုံးပန့် မိသားစုဝင်အများအပြားကို AA ကကယ်ထုတ်…  ၂၇ ဧပြီ ၂၀၂၄ ရခိုင်ပြည် အမ်းမြို့နယ် တောဟိန်းတောင်ဗျူဟာကုန်းကိုပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ စ၍ အဆိုပါ ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက် ရရှိခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲအတွင်း ဘန်ကာထဲ ဝင်ပုန်းနေတဲ့ စစ်ကောင်စီ မိသားစုဝင် သုံးပန့် အများအပြားကိုလည်း အာရက္ခတပ်တော် AAမှ ကယ်ထုတ်ခဲ့တယ်လို့သိရသည်။ အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်းသည် စစ်ကောင်စီ၏ အမ်းအခြေစိုက်တွင်ရှိသည့် အရေးပါသောဗျူဟာကုန်း တစ်ခုဖြစ်ပြီး  စစ်ကောင်စီတပ်သား ထောင်ချီ ရှိသော ဗျူးဟာကုန်တစ်ဖြစ်ကြောင်း သိရသည်။  တောဟိန်းတောင်ဗျူဟာကုန်းကို သိမ်းပိုက် ရရှိခဲ့ဟု သိရှိရသော်လည်း အာရက္ခတပ်တော် AA က သီးခြားထုတ်ပြန် ထားခြင်းမရှိသေး။ #lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #Rakhine #Ann #အမ်း

စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ မူဆလင်များကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေ

Image
 စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ မူဆလင်များကို  စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေ ၂၉ ဧပြီ ၂၀၂၄ အကြမ်းဖက်စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား တွင်ရှိသည့် IDP စခန်းများမှ မူဆလင်များကို  ခေါ်ယူပြီး မောင်တောမြို့တွင် ရက်တိုစစ်သင်တန်းပေးကာ လက်နက်များ တပ်ဆင်ပေးလျက်ရှိသည်ကို သိရသည်။  စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မူဆလင်လူငယ်များကို စက်လှေဖြင့် တင်ဆောင်ကာ မောင်တောမြို့ မြိုသူကြီးရပ်ကွက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ တွင် စစ်သင်တန်းပေးနေကြောင်း မောင်တောဒေသခံ တစ်ဦးက AB News သို့  ပြောဆိုခဲ့သည်။  စစ်ကောင်စီသည် ၎င်း ဒုက္ခသည်စခန်းမှ စက်လှေနဲ့ခေါ်လာတယ်။ မောင်တောမြို့ နခခ ၅ မှာ စစ်သင်တန်းတက်ခိုင်းတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးတယ်။ သင်တန်းဆင်းသွားတဲ့သူတွေရှိနေပြီ" ဟု ဆိုသည်။ စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် IDP စခန်းများမှ မူဆလင်များကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ အာလီရွာမြစ်ကမ်းဖက်မှ မောင်တောဖက်ကမ်းသို့ စက်လှေဖြင့် ခေါ်ယူလာခဲ့ကြောင်း ခိုင်လုံးသတင်းရင်းမြစ်များအရ သိရသည်။  ရုပ်သံvideo- စစ်တွေတွင် စစ...

ဘူးသီးတောင်နှင့် မောင်တောကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မှ ညမထွက်ရအမိန့်ထုတ်ပြန်ချက်

Image
 UNITED LEAGUE OF ARAKAN ( ULA )  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မှ ညမထွက်ရအမိန့်ထုတ်ပြန်ချက် ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၃) ရက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက် အာရက္ခဒေသအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဘူးသီးတောင်၊ စကခ (၁၅) အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဖြစ်ပွား လျက်ရှိသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများမှာ ပိုမိုပြင်းထန်လျက်ရှိသည်။ ထိုသို့ပြင်းထန်သောတိုက်ပွဲများနှင့်အတူ စစ်ရှုံး အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခ ဒေသအတွင်း မတူညီသော လူ့အဖွဲ့အစည်းများအကြားတွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများဖြစ်ပွားလာ စေရန် ကြိုးစားနေသကဲ့သို့ မူဆလင်လူမျိုးများအား စစ်သင်တန်းပေး၍ တိုက်ပွဲများအတွင်းတွင် အသုံးပြုနေခြင်း၊ မူဆလင်အကြမ်းဖက်အဖွဲ့များအား လက်နက်များတပ်ဆင်ပေးခြင်း စသည်တို့ကိုပြုလုပ်ကာ ယုတ်ညံ့သော နိုင်ငံရေးအောက်လုံးများကိုသုံးပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလုပ်ေ...

ကောလင်းမြို့အနီး၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးေ-သဆုံး အများအပြား ဒဏ်ရာရ

Image
 ကောလင်းမြို့အနီး၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးေ-သဆုံး အများအပြား ဒဏ်ရာရ  ၂၀၂၄ ဧပြီလ ၂၂ ရက်  စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ဘက် တဇူးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ ဧပြီလ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၈ဦးေ-သဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့၍ ကောလင်းမြို့တွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။ “ကောလင်းနဲ့မြို့အထွက်နားလေးပဲ၊ လက်နက်ကြီးထုသံတွေလည်းကြားရတယ်။ တစ်နေကုန်နီးပါပဲ မနက်ကတည်းက ဖြစ်နေတာ။ ထိခိုက်ကျဆုံးမှုကတော့ မသိရဘူး၊ ဝန်းသိုဘက်ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၈ဦး၏ အလောင်းနှင့် လက်နက်ခဲ့ယမ်းတချို့ကို ကနဦး သိမ်းဆည်းရရှိထားသည် နောက်ဆက်တွဲ သတင်းများကို ထပ်မံဖော်ပြသွားမည်ဖြစ်ကြောင်း ကောလင်း ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။ #lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #တော်...

စစ်တွေမြို့တွင် မွတ်ဆလင် လူငယ်အများကို စစ်ကောင်စီက စစ်မှုထမ်းရန်ဖိအားပေးခံပြီး ရခိုင်က ဘင်္ဂလီတွေဟာ နိုင်ငံသားမဟုတ်သည့်အတွက် စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော

Image
 စစ်တွေမြို့တွင် မွတ်ဆလင် လူငယ်အများကို စစ်ကောင်စီက စစ်မှုထမ်းရန်ဖိအားပေးခံပြီး ရခိုင်က ဘင်္ဂလီတွေဟာ နိုင်ငံသားမဟုတ်သည့်အတွက် စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော ၂၀ ဧပြီ ၂၀၂၄ ရခိုင်ပြည် စစ်တွေမြို့တွင် မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ကျေးရွာများမှ လူပေါင်း ၃၅၀၀ ကျော် တတိယအကြိမ် စစ်မှုထမ်းရန် ဖိအားပေးခံနေရပြီးစစ်မှုထမ်း မွတ်ဆလင်များအား ထောက်ပံ့ရန် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းစီ စစ်ကောင်စီကထောင်းခံပြီး မွတ်ဆလင်ဒုက္ခသည်စခန်းများနှင့် ဒါးပိုင်း၊ ဘုမေ၊ သက်ကယ်ပြင် နှင့် ဘောဒူဖ ကျေးရွာများရှိ မွတ်ဆလင်တွေကိုလည်း စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားနေသည်ဟုသိရသည်။ ဖေဖော်ဝါရီလ ၁၀ ရက်က စတင်အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိသာ အကျုံးဝင်သော်လည်း မွတ်ဆလင်ဒုက္ခသည် စခန်းတွင်မူ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စစ်မှုထမ်းခြင်း ခေါ်ဆောင်ခံနေရကြောင်းသိရသည်။ ရခိုင်ပြည်ရှိ ဘင်္ဂလီများမှာ နိုင်ငံသားမဟုတ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စုဆောင်းခြင်းမရှိဟု ဖေဖော်ဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။ ရုပ်သံ - စစ်ကောင်စီ သင်တန်းေ...

အကြမ်းဖက်စစ်တပ်၏ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )တိုက်ထွန်း

Image
 အကြမ်းဖက်စစ်တပ်၏ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )တိုက်ထွန်း ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်  အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် မွန်ဆလင် လူငယ်များကို (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးလျက် ရှိနေကြောင်း တွေ့ရသည်။  အကြမ်းဖက်စစ်ကောင်စီတပ်အား တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်AA အား  မွတ်ဆလင် အသိုင်းအဝိုင်းက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့်  အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေကာ လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာအောင် ယုတ်မာကောက်ကျစ်သည့် အကြံဆိုးဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပြီး ဘူးသီးတောင်မြို့အတွင်း အကြမ်းဖက်စစ်တပ်က ဦးဆောင်ကာ အရပ်သား ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများက...

ဘူးသီးတောင်က အိမ်နဲ့ ရုံးခန်းတွေကို လက်နက်ကိုင်တွေ မီးရှို့ဖျက်ဆီး - BBC NEWS မြန်မာ

 ဘူးသီးတောင်က အိမ်နဲ့ ရုံးခန်းတွေကို လက်နက်ကိုင်တွေ မီးရှို့ဖျက်ဆီး - BBC NEWS မြန်မာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဘူးသီးတောင် မြို့ပေါ်မှာ ဒေသခံတွေရဲ့ နေအိမ်တွေ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရဲ့ ရုံးတွေ မီးရှို့ ဖျက်ဆီး ခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီက ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လက်ချက် ဆိုပြီး စွပ်စွဲ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ကိုဝေဖြိုးက ပြောပြပေးမှာပါ။ #ဘီဘီစီမြန်မာပိုင်း

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဂါယ်လောင်းရွာ ဘုန်းတော်ကြီးကျောင်းပျက်စီး

Image
 စစ်ကောင်စီပစ်ခတ်သည့်  လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဂါယ်လောင်းရွာ ဘုန်းတော်ကြီးကျောင်းပျက်စီး   ၁၆ ဧပြီ  ၂၀၂၄ ရခိုင်ပြည်  အမ်းမြို့နယ်တွင် ယမန်နေ့ ဧပြီလ ၁၅ရက် ည ၁၀ နာရီခန့်အချိန်က စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဂါယ်လောင်းရွာ ဘုန်းတော်ကြီးကျောင်းဟောင်းကို ကျရောက်ပေါက်ကွဲ၍ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောသည်။ အာရက္ခတပ်တော် AA က အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မတ်လ ၂၄ ရက်နေ့မှ စ၍  ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေဟုသိရသည်။ စစ်ကောင်စီသည်  အမ်းမြို့၏ ဝင်အထွက်လမ်းများကို ပိတ်ဆို့လိုက်သည့်အတွက် မြို့ခံများမှာ ဆန်နှင့် ဆေးဝါးများ ပြတ်တောက်နေပြီး စားဝတ်နေရေး အလွန်ခက်ခဲနေကြောင်း သိရှိရသည်။ အမ်းမြို့နယ်က စစ်ကောင်စီတပ်၏ တစ်စိတ်တစ်ပိုင်းကို အာရက္ခတပ်တော်AA က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း မြေပြင်၌ သတင်းတွေ ထွက်ပေါ်နေသာ်လည်း  ဒီဖြစ်စဉ်ကို AAမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးတဲ့အတွက် အတည်မပြုနိုင်သေးပါဘူး။ #lay_wadi_media #Rakhine #ရခိုင် #Ann #အကြမ်းဖက်စစ်ကောင်စီ

ARSA အဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်က ကျေးရွာတချို့မှာ ခြေကုတ်ယူပြီး AA ကို တိုက်ခိုက်နေကြောင်းဒေသခံက ဆို

Image
 ARSA အဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်က ကျေးရွာတချို့မှာ ခြေကုတ်ယူပြီး AA ကို တိုက်ခိုက်နေကြောင်းဒေသခံက ဆို ၁၆ ဧပြီ၂၀၂၄ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ ဧပြီလ ၁၂ ရက်က အာရက္ခတပ်တော်AA နှင့် ARSA တို့တိုက်ပွဲဖြစ်နေစဉ်မှာ စစ်ကောင်စီသည် လေကြောင်းရော လက်နက်ကြီးပါ ARSA ဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက RFA သတင်းဌာနကို ယမန့်နေ့က ပြောဆိုခဲ့သည်။ " ရွက်ညိုတောင်ကျေးရွာနဲ့ ဦးလှဖေကျေးရွာကြား အဲဒီတောင်ကြောမှာ AA နှင့် စစ်ကောင်စီ ARSA ပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်တယ် စစ်ကောင်စီ အမှတ် ၈ နယ်ခြားစောင့်တပ်ရင်း နခခ -၈  လက်နက်ကြီးတွေ့နဲ့ ဦးလှဖေရွာထဲကို လှန်းပစ်ပါတယ် ရွာကလူတွေ ထွက်ပြေးကြရတယ် ထွက်ပြေးနေချိန်မှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေ ထပ်ပစ်တယ် မွတ်ဆလင် ၂၀ ကျော် လက်နက်ကြီးထိပြီး သေဆုံးတယ်လို့ကြားရတယ်" ဟုမောင်တောဒေသခံ မွတ်ဆလင်တစ်ဦး ပြောသည်။ ယနေ့ ဧပြီလ ၁၆ နေ့အထိ ဘူးသီးတောင်မြို့နယ်တွင် အာရက္ခတပ်တော်နှင့်  စစ်ကောင်စီပူးပေါင်း ARSA အကြမ်းဖက်အဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး မွတ်ဆလင် ၆၀၀ ကျော်ထွက်ပြေးနေသည်ဟုသိရသည်။ စစ်ကောင်စီသည် ဘူးသီးတောင်နှင့် မောင်တောကို...

ပြင်ဦးလွင်နှင့် နောင်ချိုကြားက သရက်ကုန်းရွာ စစ်ကောင်စီ စခန်းကို MDY-PDF က တိုက်ခိုက်သိမ်းပိုက်

Image
  ပြင်ဦးလွင်နှင့်  နောင်ချိုကြားက သရက်ကုန်းရွာ စစ်ကောင်စီ စခန်းကို MDY-PDF က တိုက်ခိုက်သိမ်းပိုက်၊စစ်ကောင်စီ အလောင်း(၂၀)ကျော်၊ နှင့် လက်နက် (၄၀)ကျော် ရရှိပြီး ပြည်သူ့အတွက် နှစ်ကူးလက်ဆောင်ဟု ထုတ်ပြန် ၁၆ ဧပြီ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာ စစ်အုပ်စု စခန်းကို မနေ့က စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ အလောင်း(၂၀)ကျော်နဲ့ လက်နက်(၄၀)ကျော် သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ ယမန်နေ့ ဧပြီ(၁၅)ရက် မနက်(၅)နာရီကျော်မှာ ပြင်ဦးလွင်နှင့်  နောင်ချိုကြား၊  သရက်ကုန်းရွာ စစ်အုပ်စု စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ညနေ(၄)နာရီခွဲကျော်မှာ စခန်းကို အပြီးသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ #lay_wadi_media #အကြမ်းဖက်စစ်ကောင်စီ #PDF  #ပြည်သူ့ကာကွယ်ရေးတပ်မတော်

ပြည်သူ့စစ် အဓမ္မဖမ်းဆီးခံရတဲ့ စစ်တွေ မှ မွတ်ဆလင်တစ်ဦးက ပြောသည်။

Image
 စစ်ကောင်စီက ပြည်သူ့စစ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မွတ်ဆလင်တွေကို မင်းတို့ကိုနိုင်ငံသားကဒ်ထုပ်ပေးမယ် မိသားစုစားဝတ်နေရေး လစဉ်ထောက်ပံ့ပေးမယ်ဟုပြောဆိုကာ ပြည်သူ့စစ် အဓမ္မဖမ်းဆီးခံရတဲ့ စစ်တွေ မှ မွတ်ဆလင်တစ်ဦးက ပြောသည်။  ၁၆ ဧပြီ ၂၀၂၄ စစ်ကောင်စီသည် ရခိုင်က မွတ်ဆလင်တွေကို စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ်အသုံးပြုရန် ကျောက်ဖြူ / စစ်တွေ / ဘူးသီးတောင် / မောင်တော စသည့်  ဒုက္ခသည်စခန်းက မွတ်ဆလင် လူငယ်တွေကို လိမ်ညာပြီးပြည်သူ့စစ်  ခေါ်ဆောင်ခဲ့ကြောင်း စစ်တွေ မှ မွတ်ဆလင် တစ်ဦးက အတည်ပြုပြောသည်။ " ကျွန်တော်တို့ကို စစ်တပ်က ပြောတယ် ပြည်သူ့စစ်လုပ်ရမယ်  တစ်နိုင်ငံလုံး မလုပ်လို့မဘူးပြောတယ်။ ကျွန်တော်တို့က ကြောက်လည်းကြောက်တယ် ပြန်မပြောရဲဘူး ပြည်သူ့စစ်တပ်ထဲဝင်ရင် မင်းတို့ကို နိုင်ငံသားကဒ် ( ID - မှတ်ပုံတင်ပန်းရောင်) လုပ်ပေးမယ် မိသားစု စားဝတ်နေရေး လစဉ်ထောက်ပံ့မယ် ။ တိုက်ပွဲဖြစ်တဲ့ နေရာတွေကိုမသွားရဘူး မင်းတို့ မိသားစုတွေနဲ့ ဒီနေရာတွေမှာ အတူနေရမှာ အေးလိုပြောတယ်" ဟု ဆိုပါတယ်။ စစ်ကောင်စီသည် ပြည်သူစစ်ထမ်းအတွက် နည်းမျိုးစုံလိမ်ညာငြိမ်းခြောက်ပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ထားတဲ့ မွတ်ဆလင်တွေကို လစဉ်မိသားစုစားဝတ်ေ...

စစ်ကောင်စီနှင့် ARSA / ARA တို့ပူးပေါင်းပြီး ဘူးသီးတောင်မြို့ပေါ်၌ မွတ်ဆလင်အစွန်းရောက်တွေကို အကြမ်းဖက်မှုကျူးလွန်ရန် စစ်ကောင်စီ ဦးဆောင်ပြီးလုပ်ဆောင်နေ

Image
 စစ်ကောင်စီနှင့် ARSA / ARA တို့ပူးပေါင်းပြီး ဘူးသီးတောင်မြို့ပေါ်၌ မွတ်ဆလင်အစွန်းရောက်တွေကို အကြမ်းဖက်မှုကျူးလွန်ရန် စစ်ကောင်စီ ဦးဆောင်ပြီးလုပ်ဆောင်နေ ၁၅ ဧပြီ ၂၀၂၄ ရခိုင်ပြည် ဘူးသီးတောင်မြို့ပေါ်၌ အစွန်းရောက် မွတ်ဆလင်တချို့သည် အကြမ်းဖက်မှုတွေကျူးလွန်နေကြောင်း  ဘူးသီးတောင်မြို့ပေါ်နေ မွတ်ဆလင်အသိုင်းအဝိုင်းက အတည်ပြုပြောသည်။ စစ်ကောင်စီဟာ ဘူးသီးတောင် နှင့်မောင်တောမြို့နယ်တွင် လူမျိုးနှစ်ခုကြား လူမျိုးရေး ပဋိပက္ခကြီးကြီးမားမား ဖြစ်လာစေရန်အတွက် အစွန်ရောက် မွတ်ဆလင်တချို့ကို လက်နက် ထုတ်ပေးပြီး ARSA နှင့် ARA အကြမ်းဖက်အဖွဲ့ကို ရှေ့ထုတ်၍ စစ်ကောင်စီသည် နောက်ကွယ်ကနေ အလုံးစုံပံ့ပို့ဆောင်ရွက်နေတယ်လို့  အဓမ္မစစ်သင်တန်းပေးဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းကပြောသည်။ စစ်ကောင်စီကို အားပေးထောက်ခံတဲ့မွတ်ဆလင်စီးပွားရေးသမားတွေ၊ခေတ်အဆက်ဆက် စစ်တပ်အရာရှိနဲ့ဆက်စပ်သူတွေ၊အုပ်ချုပ်ရေးမှူးတွေ  စည်းရုံးလုပ်နေကြတာတွေ့ရတယ် ရိုးရိုးသားသား စီးပွားရှာစားနေတဲ့ ကျနော်တို့ရဲ့ဆိုင်တွေ၊အိမ်တွေကိုပါဖျက်ဆီးမီးရှို့ သွားကြမှာကို စိုးရိမ်နေရပါတယ်။''လို့ ဘူးသီးတောင်မြို့ပေါ်နေ ဈေးဆိုင်ပိုင်ရှင်မွတ်ဆလင်တ...

ပြည်ပရောက် ရခိုင်နှစ်သစ်ကူးသင်္ကြန်ကို ဘန်ကောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

Image
 ပြည်ပရောက် ရခိုင်နှစ်သစ်ကူးသင်္ကြန်ကို ဘန်ကောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ၁၅ ဧပြီ၂၀၂၄ /ဘန်ကောက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA မှ နှစ်စဉ် ဦးဆောင်ကျင်းပတဲ့ ရခိုင်နှစ်သစ်ကူးသင်္ကြန်ကို ထိုင်းနိုင်ငံ ဘန်ကောက် ဖလန်ဆောင် ဘန်ကတီ ၃၂ လမ်း မွန်ဘုန်းကြီးကျောင်း ၌ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားတွေ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။  ဘန်ကောက်ရောက် ရခိုင်အမျိုးသားတစ်ဦးက " ကျွန်တော်တို့ ရက္ခိုင့်အမျိုးသားအဖွဲ့က ဦးဆောင်ပြီး တော်လှန်ရေးရန်ပုံငွေ ရှာတဲ့ပွဲလို့လည်းပြောလို့ရတယ် ကျွန်တော်တို့ရခိုင်အမျိုးသား လွတ်မြောက်ရေးအတွက် တတ်နိုင်တဲ့ နေရာကဏ္ဍအသီးသီးက ပါဝင်လုပ်ဆောင်ရမယ်လို့ ကိုယ့်ကိုကိုယ်ခံယူထားတယ်။ ဒီကို လူတွေအများကြီးလာရောက် ရေကစားနေတာရှိတာပေါ့ လူမျိုးပေါင်းစုံပါပဲ ရခိုင်လို့မဟုတ်ပါဘူး ဗမာရော ကရင်ရော မွန်ရော လာရောက်ပြီး ပျော်ပျော်ပါးပါး ရေစကားတာရှိပါတယ် အားလုံးက စုစုစည်းစည်းပါပဲ "လို့ လေးဝတီမီဒီယာကိုပြောပါတယ်။ ရခိုင်နှစ်သစ်ကူးဘန်ကောက်သင်္ကြန်ကို ရခိုင်အနုပညာရှင် အဆိုတော်တချို့လည်းလာရောက် ဖျော်ဖြေသီဆိုခဲ့ကြောင့်သိရသည်။ #lay_wadi_media #Rakhine #ရခိုင် #thailand  #ba...

ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင်

Image
 ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင် ၂၀၂၄ ဧပြီ ၁၄  မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင်  ဒီနေ့ည ၉ နာရီ ၁၇ မိနစ်ကစတင်ပြီး ရှော့တိုက်ဒုံးတွေက ပထမမူလက DSA ကျောင်းကို ဦးတည်ပစ်ခတ်ခဲ့ပြီးနောက်မှာတော့ အကြမ်းဖက်မင်းအောင်လှိုင် တည်းခိုနေနိုင်တဲ့ ကန်တော်ကြီးဘေးနားက စစ်တပ်နဲ့ပတ်သက်တဲ့ အဆောက်အုံဘက်တွေမှာလည်း ပစ်ခတ်မှုတွေကြောင့် ပေါက်ကွဲမှုဖြစ်နေသည်။ ည ၉ နာရီ ၄၅ မိနစ်လောက်မှာတော့ စစ်ကားတွေ ပြင်ဦးလွင် တပ်တွေထဲက စစ်ကားတွေ သံချပ်ကာကားတွေ ထွက်လာပြီး ပြင်ဦးလွင်မြို့တစ်ခုလုံးကိုလည်း မီးဖြတ်လိုက်ပါတယ်။  ရှော့တိုက်ဒုံးပစ်ခတ်မှုတွေက ဒီည ၁၀နာရီကျော်အထိ ဆက်လက်ပစ်ခတ်နေပြီး စစ်တပ်ကလည်း သေနတ်တွေနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်နေပါတယ်။  ပြင်ဦးလွင် စစ်တက္ကသိုလ်အတွင်းမှာတော့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတာကြောင့် သင်တန်းသား စစ်သားတွေ ပြေးကြ လွှားကြ၊ လက်နက်တွေ ထစွဲကြနဲ့ ကမ္ဘာပျက်နေသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။  ရန်ကုန်ခေတ်သစ်က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီ ည ၉ နာရီ ၁၇ မိနစ်မှာ ရှော့တိုက်ဒုံး ၃ လုံး၊ ၉ နာရီ ၁၉ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ၉ နာရီ ၂၇ မိနစ်မှာ ရှော့တိုက်ဒုံး ၄ ...

စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ဘင်္ဂလားဒေရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲကို ထပ်မံထွက်ပြေး

Image
 စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦး ဘင်္ဂလားဒေရှ်နိုင်ငံ  ကော့ဘဇားခရိုင်ထဲကို ထပ်မံထွက်ပြေး ၁၄ ဧပြီ ၂၀၂၄ စစ်ကောင်စီနယ်ခြားစောင့်တပ် အဖွဲ့ဝင် ၉ ဦးသည် ယနေ့ နံနက်ပိုင်းက  ကော့ဘဇားရှိခရိုင်  Teknaf မြို့နှင့်  Hoikang ၏ Kharankhali နယ်စပ်တွင်  ဝင်ရောက်လာခဲ့သည်ဟု ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်မှူး ဒုဗိုလ်မှူးကြီး Mohiuddin Ahmed က အတည်ပြုပြောကြားခဲ့ ကြောင်း Theterritorialnews.com-TTN သတင်းဌာနက ဖော်ပြထားသည်။ ရခိုင်ပြည် မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်တပ်စခန်းအများအပြား အာရက္ခတပ်တော်AAမှ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေသည်ဟုသိရသည်။ ယနေ့ဧပြီလ ၁၄ ရက် မနက်ပိုင်းအချိန်က  မောင်တောမြို့ မြောက်ပိုင်းရှိငါးခူရ နယ်ခြားစောင့် စခန်းတစ်ခုလုံး ထွက်ပြေးသွားကြောင်းဒေသခံတွေကပြောသည်။ ၎င်းအပြင် ခမောင်းဆိတ်ဗျူဟာစခန်းကိုလည်း အာရက္ခတပ်တော် AA မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသံတွေပြောဆိုချက်အချက်သိရသည်။ စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည်  အလားတူ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသွားတဲ့ သာတက အြ...

စစ်ကောင်စီတပ်အနေနဲ့အမြန်ဆုံးလက်နက်ချ အညံ့ခံရန် AA မှထပ်မံသတိပေး

Image
 လက်နက်ချ အညံ့မခံသည့် ရခိုင်ဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အနေနဲ့ လက်နက်ချ အညံ့ခံရန် လက်နက်ချအညံ့မခံသောတပ်စခန်းများ တစ်ခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော်AA မှ ထပ်မံ့သတိပေး ၁၃ ဧပြီ ၂၀၂၄ အာရက္ခတပ်တော် AA  သည် ပြောရင် ပြောထားသလို လုပ်ဆောင်တတ်ပြီး စစ်မြေပြင်တွင်လည်း လက်တွေ့ကျကျလုပ်ဆောင်လျက်ရှိသည်။  တစ်နေ့မှမနားပဲ စစ်ကောင်စီ၏ တပ်စခန်း ဗျူဟာစခန်းများကို ဗျူဟာမြောက်ထိုးစစ်ဆင်တိုက်လျက်ရှိနေပြီး  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေနဲ့ ယခင်ထုတ်ပြန်ထားသည့်အတိုင်း လက်နက်ချ အညံ့မခံသော တပ်စခန်းတိုင်းကို တစ်ခုမကျန် တိုက်ခိုက်သွားမည်ဟု AA မှပြောဆိုသည်။ ကြိမ်ချောင်းဗျူဟာစခန်းကဲ့သို့လက်နက်ချအညံ့မခံသည့်စစ်ကောင်စီ၏  နပခ /အမ်းမြို့အခြေစိုက်ဌာနချုပ် ဘူးသီးတောင် စကခ -၁၅ ဌာနချုပ် တောင်ကုတ်အခြေစိုက် စကခ -၅ အပါအတွင်လက်ကျန်တပ်စခန်း တစ်ခုမကျန် ထိုးစစ်ဆင်ခိုက်သွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့အမြန်ဆုံး လက်နက်အညံ့ခံရန် AA မှ ထပ်မံသတိပေးလိုက်သည်။ အာရက္ခတပ်တော်သည် ဘူးသီးတောင်/မောင်တော/ အမ်း မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားနေလျက်ရှိနေပြီး စစ်ကောင်စီတပ်သည်လည်း ၎င်းတို့၏ စခန်...

ဖားဆောင်းသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းခံ

Image
 ဖားဆောင်းသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းနိုင်ခဲ့ပြီး  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၅၈ ဦးကို အရှင်ဖမ်းမိ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ  ၂၀၂၄၊ ဧပြီ ၁၃ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ ရာအကြမ်း ဖက်စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။  ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ဘောလခဲမြို့နယ်ဘက်မှ ဖားဆောင်းမြို့ဘက်သို့ စစ်ကူပေးရန် ချီတက်လာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်ခြေလျင် စစ်ကြောင်းကို ပါပူရွာအနီးတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သားအများအပြားအရှင်ဖမ်းမိပြီး စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ချေမှုန်း လိုက်နိုင် ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး - ကလလတ ၊ ကရင် နီတပ်မ တော် - KA ၊ ကြယ်ဖြူတပ်ဖွဲ့ - KNSO ၊ ကရင်နီအမျိုးသား...

နှစ်သစ်ဆုတောင်း( လေးဝတီ) ၂၀၂၄

Image
 မင်္ဂလာရှိသော မြန်မာအတာသင်္ကြန် အချိန်ခါသမယတွင်   မြန်မာနိုင်ငံသူနိုင်ငံသားများ …ဘေးဘယာဝေးကွာ … စိတ်ငြိမ်းချမ်းသာ…  ကိုယ်စိတ်နှစ်ဖြာ …ရွှင်လန်းကျန်းမာ သာယာအေးချမ်းပါစေကြောင့်  ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🙏🙏  နှစ်သစ်ဆုတောင်း ( လေးဝတီ ) #lay_wadi_media #အတာသင်္ကြန်  #ငြိမ်းချမ်းပါစေ #မြန်မာပြည်ကြီး Lay Wadi Media  သာသနာသက္ကရာဇ် ၂၅၆၇ ခု မြန်မာသက္ကရာဇ် ၁၃၈၅- ခုနှစ် တန်ခူးလဆန်း ( ၅ ) ရက် သင်္ကြန်အကြို့နေ့ /  ခရစ်နှစ် 2024 ဧပြီ 13 ရက် (စနေနေ့)

မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်

Image
 မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည် ၁၃ ဧပြီ၂၀၂၄ ရက္ခိုင်ပြည်၊ မောင်တောမြို့ ၌ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။ အာရက္ခတပ်တော်အနေဖြင့် ၎င်းစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အဆိုပါစခန်းအား လချီ၍ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ( ၂၃) ရက်တွင်မှ ထိုးစစ်အား အရှိန်အဟုန်မြှင့်တင်လျက် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  အာရက္ခစစ်သည်တော်များ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်၊ တာဝန်တို့အား ဆင့်ကဲလိုက်နာနိုင်မှုတို့အပေါ် အာရက္ခတပ်တော်၊ စစ်ရုံးချုပ်အနေဖြင့် အလေးအနက်အသိအမှတ်ပြုအပ်ပါသည်။ ဤ စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များကိုလည်း လေးနက်စွာဂါရဝပြုအပ်ပါသည်။ ဤကြိမ်ချောင်း ဗျူဟာကုန်းသည် နခခ (၇) ဖြစ်ပြီ...

မောင်တောမြို့နယ်က ကြိမ်ချောင်းစခမ်းကို အာရက္ခတပ်တော် ( AA ) အပြီးသတ် သိမ်းပိုက်ရရှိ

Image
 မောင်တောမြို့နယ်က ကြိမ်ချောင်းစခမ်းကို အာရက္ခတပ်တော် ( AA ) အပြီးသတ် သိမ်းပိုက်ရရှိ ၁၂ ဧပြီ ၂၀၂၄ ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် နခခ (၇ ) ကြိမ်ချောင်းစခန်းကို အာရက္ခတပ်တော်AA  မှအလုံးစုံသိမ်းပိုက်ရသိဟုသိရသည်။မောင်တောမြို့၏ မြို့နယ်ခွဲအဖြစ် သတ်မှတ်ထားသော ၎င်း ကြိမ်ချောင်းစခန်းသည် ဘူးသီတောင်အခြေစိုက်  ( စကခ - ၁၅ )လက်အောက်ခံ ဗျူဟာအထိုင်စခန်းတစ်ခုဖြစ်ပြီး ယခင်က AA နှင့် တိုက် ပွဲဖြစ်စဉ်က စစ်ကောင်စီတပ်သည် ဒေါင်းမာန်ဟုန် စစ်ဆင်ရေးအမည်ဖြင့် လှုပ်ရှားခဲ့သည်။ ယင်းကြိမ်ချောင်းစခန်းကို ယနေ့ ဧပြီ ၁၂ ရက် နံနက်ပိုင်းက အာရက္ခတပ်တော်မှသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၂၀၀ ဝန်းကျင်  လက်နက်ချအညံ့ခံတာရှိသည်ဟု သိရသည်။ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏ သူငယ်ချင်းအရင်းရှာ ကျဆုံးခဲ့ရသည်ဟု သတင်းကြားသိစဉ်က ကြိမ်ချောင်းစခန်းသည် တစ်နေ့မဟုတ်တစ်နေ့ စခန်းကျမှာ ကြိုသိနေတယ်ဟု ဆိုပါတယ်။ '' ညီလို အကိုလို ရမ်းချစ်ခင်ရတဲ့ တပ်ဖွဲ့ဝင်တွေ တဖြုတ် တဖြုတ် ကျဆုံးသွားကတည်းက သိနေပြီ'' ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောပါတယ်။  ကြိမ်ချောင်းဗျ...

သင်္ကြန်ကာလအတွင်း ရခိုင်ဒေသ၌ ပွဲလမ်းသဘင် ဖျော်ဖြေရေးပွဲ အစရှိသည့် လူစု လူဝေး မလုပ်ကြရန်နှင့် အလစ်အငိုက် ပြည်သူကို အကြမ်းဖက်ရန် စစ်ကောင်စီတပ် အချိန်ပြည့်ကြိုးပမ်းနေသည်ဟု ULA ထုတ်ပြန်

Image
 သင်္ကြန်ကာလအတွင်း ရခိုင်ဒေသ၌ ပွဲလမ်းသဘင် ဖျော်ဖြေရေးပွဲ အစရှိသည့် လူစု လူဝေး မလုပ်ကြရန်နှင့် အလစ်အငိုက် ပြည်သူကို အကြမ်းဖက်ရန် စစ်ကောင်စီတပ် အချိန်ပြည့်ကြိုးပမ်းနေသည်ဟု ULA ထုတ်ပြန် ၁၁ ဧပြီ ၂၀၂၄ ရက္ခိုင်ဒေသ၌ ယခုအချိန်ကလာသည် စစ်ရေးပြင်းထန်နေတဲ့ အချိန်ကာလာဖြစ်သည်အတွက် မကြာမှီ ရောက်ရှိလာမည့် သင်္ကြန်ကာလအတွင် မြို့ပြ နှင့် ကျေးလက်ဒေသမှပြည်သူတွေ လူစုလူဝေးများ ပြုလုပ်ပြီး၊ ပျော်ပွဲ ရွှင်ပွဲကြီးများကို မလုပ်ကြရန် ULA မှ  မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။ "ထုတ်ပြန်ချက်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် နေ့စဉ်ရက်ဆက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည့်အပြင် တစ်ရက်ထက်တစ်ရက် တိုက်ပွဲများပြင်းထန်လျက် ရှိနေဆဲပင် ဖြစ်သည်။   စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည်  အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသများအတွင်းသာမက နောက်ထပ် သိမ်းပိုက်ရန် ကြိုးပမ်းနေသော နေရာများ လူစု လူဝေးနေထိုင်တဲ့နေရာများကိုပါအလစ် အငိုက်ဖမ်းပြီး လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ရန် နေ့စဉ်ရက်ဆက် ကြိုးပမ်းလျက်ရှိနေသည်။ စစ်ကောင်စီသည်  အပြ...

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ULAမှ ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

Image
 ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း (၃) ရက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ FPNCC အဖွဲ့ဝင်များဖြစ်ကြသော UWSP/UWSA ၊ PSLF/TNLA ၊ MNTJP/MNDAA တို့အပြင် အခြား တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် မွေးဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများမှ ပေးပို့လာကြသည့် သဝဏ်လွှာများကို ကောင်းမွန်စွာလက်ခံရရှိပါသည်။ သဝဏ်လွှာများပေးပို့လာကြသော အဖွဲ့အစည်းများအားလုံးကို မိမိတို့ ULA/AA မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပြီး ပေးပို့လာကြသော အဖွဲ့အစည်းအသီးသီးတိုင်း၏ ရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်

ထိုင်းအစိုးရက မြန်မာစစ်ရှောင် ၁ သိန်းအထိ လက်ခံမယ်လို့ပြောဆိုထားပေမဲ့ အခုအချိန်အထိ ပြင်ဆင်ဆောင်ရွက်မှု မရှိ

Image
 ထိုင်းအစိုးရက မြန်မာစစ်ရှောင် ၁ သိန်းအထိ လက်ခံမယ်လို့ပြောဆိုထားပေမဲ့ အခုအချိန်အထိ ပြင်ဆင်ဆောင်ရွက်မှု မရှိ BVJ/KNT_ ဧပြီ ၁၁၊ ၂၀၂၄ မြန်မာပြည်ကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်အရေအတွက် ၁ သိန်းအထိ လက်ခံကူညီမယ်လို့ ထိုင်းအစိုးရက ပြောကြားထားပေမဲ့ လက်ရှိအချိန်အထိ ပြင်ဆင်ဆောင်ရွက်နေတာကို မတွေ့ ရသေးပါဘူး။  မြဝတီမြို့ကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာတဲ့အတွက် မြို့ခံတွေက ထိုင်းနိုင်ငံဘက်အခြမ်းကို ကူးလာပြီး မဲဆောက်မြို့တွင်းမှာ အဆင်ပြေသလို ကိုယ့်အစီစဉ်နဲ့ကိုယ် နေထိုင်နေကြရပါတယ်။  အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ထိုင်းအစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးထက် အမျိုးသားလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့လည်း အခုလိုပြောပါတယ်။  “ထိုင်းအစိုးရက နိုင်ငံတကာမှာလည်း လူ့အခွင့်အရေးကိုစောင့်ရှောက်တဲ့အစိုးရအဖြစ်လည်းမြင်စေချင်တယ်။ ဒါပေမဲ့ လက်တွေ့မှာက ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေတယ်။ မြဝတီက စစ်ရှောင်တွေ ဒီဘက်အခြမ်းကို ဝင်လာ...

မနက်ဖြန် ဧပြီ ၁၀ ရက်နေ့သည် ရက္ခိုင့်တပ်တော်၏ ( ၁၅ ) မြောက်တပ်တော်နေ့ဖြစ်သည်။

Image
 မနက်ဖြန် ဧပြီ ၁၀ ရက်နေ့သည် ရက္ခိုင့်တပ်တော်၏ ( ၁၅ ) မြောက်တပ်တော်နေ့ဖြစ်သည်။ ၉ ဧပြီ ၂၀၂၄ / လေးဝတီ ရခိုင်လူငယ်၂၆ ဦးသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ဌာနချုပ် လိုင်ဇာ၌ ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်တွင် ရခိုင့်တော်လှန်ရေးကိုစတင်ခဲ့ပြီး ယင်းအချိန်က ရခိုင်လူငယ် ၂၆ ဦးတွင် သေနတ်တစ်သာရှိပြီး အခက်အခဲများစွာကို ခါးစည်းရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ (ရက္ခိုင့်တပ်မတော် ) သည် TNLA/MNDAA တို့နှင့် စစ်ရေးနိုင်ငံရေးအခိုင်အမာ မဟာမိတ်ဖွဲ့နိုင်ခဲ့သည်  လိုင်ဇာကနေ ရခိုင်ပြည်သို့  မိုင်းပေါင်းများစွာ ချီတက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် ရမ်းချောင်းတိုက်ပွဲ ၂၀၁၆ သြရမတောင်တိုက်ပွဲ စသည့် တိုက်ပွဲ များကိုဖော်ဆောင်နိုင်ခဲ့ပြီးနောက် ( ရက္ခိုင့်တပ်မတော်) ကိုရခိုင်ပြည်သူ၏ တစ်ခဲနက်ထောက်ခံမှု အပြည့်အဝရရှိခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီ ၁၀ ရက်တွင် ရက္ခိုင့်တပ်မတော်ကို ( ရက္ခိုင့်တပ်တော် ) ဟု အမည်ပြောင်းလဲလိုက်သည်။ ရခိုင်လူငယ် ၂၆ ဦးနှင့်ရခိုင့်တော်လှန်ရေးကို စတင်ခဲ့သည့် ဧပြီ ၁၀ ရက်သည် ရက္ခိုင့်တပ်တော်နေ့ဖြစ်သတ်မှတ်ပြီး ယခု ဧပြီ ၁၀ ရက်သည် (၁၅ ) ကြိမ်မြောက် ရက္ခိုင့်တပ်တော်နေ့ဖြစ်သည်  တိုင်းရင်းသ...

(၁၅) နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပီးပို့အပ်သော သဝဏ်လွှာ

Image
 (၁၅) နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပီးပို့အပ်သော သဝဏ်လွှာ ၁၃၈၅ ခုနှစ်၊ တာကူးလဆန်း (၂) ရက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက် သာလီစွပါ ရဲဘော်အပေါင်းရို့ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်နိမှာ ကျရောက်တေ အာရက္ခတပ်တော်၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နိ အထိမ်းအမှတ်ကို ခါတိုင်းနှစ်တိနန့်မတူဘဲ လက်တွိအကျဆုံး အနှစ်သာရအပြည့်ဝဆုံးပုံစံနန့် စစ်မြီပြင်ထိုးစစ်ကြီးတိ ဆင်နွှဲပနာ ပြုလုပ်လို့ဟိရေ။ ပြည်သူလူထုတရပ်လုံးနန့် တစိတ်တည်း တဝမ်းတည်း စည်းလုံးညီညွတ်စွာနန့် တော်လှန်ရီးလောကဓံတိကို ကြံ့ကြံ့ခံဗျာယ် ထိုးဖောက်ချီတက်လို့ ဟိနီရေ။ ရဲဘော်ရို့ အေအချိန်ကာလရေ ငါရို့တော်လှန်ရီး၏ အရေးကြီးဆုံး အချိန်အခါဖြစ်တေ။ ရဟိထားရေ အောင်မြင် မှုတိနန့်အတူ တိုင်းပြည်ကာကွယ်ရီး၊ လူထုလုံခြုံရီး၊ မြို့၊ ရပ်ရွာတိ၏စီမံအုပ်ချုပ်ရီး တာဝန်တိ အယင်ထက်ပိုလို့ ကြီးမားလာရေ။ အာရက္ခစစ်သည်တိ၏ အသက်ခန္ဓာ ပြည်သူရို့၏ အသက်ဘဝ မျက်ရည် ဒုက္ခသုက္ခတိ အားလုံးကို အရင်းပြုပနာ ရဟိလာရေ အေဂနိ အာရက္ခဖြစ်တည်မှုသည် ဇာအရာနန့်လေ့ တန်ဖိုးချင်းထပ်တူမပြုနိုင်ရေ အရာတိ ဖြစ်တေ။ အာရက္ခအမျိုးသားတော်လှန်ရီးကြီးက မပြီးမြောက်သိမ့်ရေအတွက် လက်ဟိရဟိထားရေ ယုံကြည်မှု ...

မပြီးမြောက်သေးတဲ့ ရည်မှန်းချက် နှင့် အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားတဲ့ အာရက္ခအိပ်မက် ကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ပွဲဝင်သွားမည်ဟုဆို

Image
 မပြီးမြောက်သေးတဲ့ ရည်မှန်းချက် နှင့် အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားတဲ့ အာရက္ခအိပ်မက် ကို အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ပွဲဝင်သွားမည်ဟုဆို ၁၀ ဧပြီ ၂၀၂၄ ယခုကာလသည် တော်လှန်းရေးအတွက် အလွန်အရေးကြီးတဲ့အချိန်ဖြစ်သည်မို့ ပြည်သူလူထုလုံခြုံရေး မြို့၊ ရပ် ရွာ အုပ်ချုပ်ရေးတာဝန်သည်လည်း အရင်ထက်ပို၍ အရေးကြီးလာခဲ့သည်ဟုဗိုလ်ချုပ်ထွန်းနိုင်က ပြောဆိုသည်။ အာရက္ခစစ်သည်တွေရဲ့ အသက်ခန္ဓာ ပြည်သူတို့၏ အသက် ဘဝမျက်ရည် ဒုက္ခသုက္ခတွေ  အားလုံးကို အရင်းပြီး ရရှိလာတဲ့  အာရက္ခဖြစ်တည်မှုကို ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်ဘူး။  မပြီးမြောက်သေားတဲ့ အာရက္ခအမျိုးသားတော်လှန်ရေးကို  အပြင်းထန်ဆုံးနှင့် အလျင်အမြန်ဆုံး အဆုံးသတ်နိုင်ရေး   အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားတဲ့ အာရက္ခအိပ်မက် ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်ထိုး စစ်ဆင် တိုက်ခိုက်သွားရအုံးမည်။ ငါတို့သည် အခြေခံကျတဲ့  လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမှန်တရားကို ချစ်မြတ်နိုးမှု မေတ္တာတရား ရဲရင့်မှု သဘောထားကြီးမှု နှင့်  ငါတို့၏ အာရက္ခပြည်သူ လူထုနှင့်  သမိုင်း၏တောင်းဆိုချက်အရ ဆက်လက်ပြီး တိုက်ပွဲဝင်တည်ဆောက်သွားရ...

စစ်ကောင်စီတပ်စခန်းအားလုံးကို ချေမှုန်းပြီးနောက် မြ၀တီမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU က တရား ဝင် ကြေညာ

Image
 စစ်ကောင်စီတပ်စခန်းအားလုံးကို ချေမှုန်းပြီးနောက် မြ၀တီမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU က တရား ဝင် ကြေညာ  ■ ထွက်ပြေးသွားသည့် ခလရ ၂၇၅ တပ်စခန်းမှ စစ်အင်အား ၂၀၀ ဦးမှာလက်နက်များဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ကယ်ကူမဲ့ဖြစ်နေ ၂၀၂၄ဧပြီ ၁၁  ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး စစ်စခန်းဖြစ်သော ခလရ ၂၇၅  အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိပြီး မြ၀တီမြို့ကို ရရှိပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် KNU က တရားဝင် ကြေညာလိုက်သည်။  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက် နိုင်ရန်အတွက်ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊   ဧပြီလ ၈ ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင်  အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက...