Popular posts from this blog
အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ
အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ RNA_မေ(၁)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်း -ပဒါန်း လမ်းပိုင်း တိုက်ပွဲအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ ရဲဘော် ဟန်ဘိုသည် စစ်ရေးတာဝန်များ ထမ်းဆောင်ရင်း လက်နက်ကြီးကျည်ထိမှန်ကာ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အတွက် စစ်ကူနှင့် ရိက္ခာပို့ လမ်းကြောင်းများကို အများပြည်သူသုံး ယာဉ်များဖြင့် သွားလာနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ပဒါန်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းအား အာရက္ခတပ်တော် - AA နိုဗာစစ်ဒေသ (၁) က ဧပြီလ (၂) ရက်နေ့ကတည်းက အကန့်အသတ်မရှိ အရေးပေါ်ပိတ်ထားခဲ့သည်။ အာရက္ခတပ်တော်နှင့် မဟာမိတ်များက အမ်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်နေစဉ်အတွင်း အမ်းကို စစ်ကူသွားသည့် စစ်ကောင်စီလက်အောက်ခံများက ပဒါန်းကျော်သည်နှင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ်နေကြောင်း၊ အမ်းတက်သည...
စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ
စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ ၁၃ မေလ ၂၀၂၄ ရက္ခိုင်ပြည် မောင်တောမြို့တွင် စစ်ကောင်စီ နှင့် ၎င်းတို့ သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုများသည် စာသင်ကျောင်း ဗလီ နေအိမ် အဆောက်အဦး ၌ အခိုင်အမာ စခန်းချ နေသည်ဟုသိရသည်။ အဆိုပါ အဆောက်အဦးများ၌ စခန်းချနေကြသည့် အကြမ်းဖက် စစ်ကောင်စီနှင့် မွတ်ဆလင် လက်နက်ကိုင်များသည် မေလ ၉ရက်က မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာကို သွားရောက်ပြီး လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။ မောင်တောမြို့နှင့် နီးကပ်လာတဲ့ တိုက်ပွဲကြောင့် မြို့ပေါ်က ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို တိမ်းရှောင်ကြသည်မှာ လွန်ခဲ့သည့် ၃- ၄ ရက်အတွင်း က ထွက်သွားကြသည်ဟုသိရသည်။ မောင်တောမြို့ပေါ်တွင် စစ်ကောင်စီ ပူးပေါင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကသာ ရှိနေသည်။ #law_wadi_media #Maungdaw #အကြမ်းဖက်စစ်ကောင်စီ #Rakhine
Comments
Post a Comment