ရခိုင်ပြည်နယ်မှ အိန္ဒိယနိုင်ငံသို့ ပညာတော်သင်ယူလိုပါက အိန္ဒိယအစိုးရမှ သွားလာနေထိုင်ရေး ထောက်ပံ့ကူညီမည်

ရခိုင်ပြည်နယ်က အိန္ဒိယနိုင်ငံတွင် ပညာတော်သင်ယူလိုပါက  အိန္ဒိယအစိုးရမှ သွားလာနေထိုင်ရေး စရိတ်များကို အကုန်ကျခံမည်

ဇန်နဝါရီ ၃၁/DMG
ဖဒူ ထွန်းအောင်

ရခိုင်ပြည်နယ်က ကျောင်းသား၊ကျောင်းသူများ အိန္ဒိယနိုင်ငံတွင် ပညာတော်သင်ယူလိုပါက အိန္ဒိယအစိုးရ အနေဖြင့် ရခိုင်ပညာတော်သင်များ၏ သွားလာနေထိုင်ရေး စရိတ်များကို အကုန်ကျခံမည်ဖြစ်ကြောင်း အိန္ဒိယ သံအမတ် Mr.Vikram Misri က ပြောဆိုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အိန္ဒိယကောင်စစ်ဝန်အဖွဲ့၊အိန္ဒိယ သံအမတ်ကြီး Mr.Vikram Misri တို့ ယနေ့(ဇန်နဝါရီလ ၃၁ ရက်နေ့)တွင် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အိန္ဒိယ နိုင်ငံမှာ ရခိုင်ပြည်နယ်က ပညာတော်သင်သွားမယ်ဆိုရင် အိန္ဒိယ ကောင်စစ်ဝန်ရုံးနဲ့ ချိတ်ဆက်ပြီး ပို့ပေးလို့ ရတယ်။အိန္ဒိယ သင်တန်းကျောင်း ၃၀၀ ကျော်လောက်ရှိပါတယ်။ရခိုင်ပြည်နယ်က တက်ချင်တယ်ဆိုရင် အိန္ဒိယအစိုးရက  သွားလာနေထိုင်မယ့် စရိတ်တွေကို ကျခံပေးပါတယ်”ဟု အိန္ဒိယသံအမတ်ကြီး Mr.Vikram Misri က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံမှာ သင်တန်းကျောင်းပေါင်း ၃၀၀ ကျော်ရှိကာ သင်တန်းကာလမှာ ၃ ပတ်မှ ၆ လအထိ ရှိကြောင်းလည်း ၄င်းကဆက်လက်ပြောသည်။

အိန္ဒိယနိုင်ငံမှ တည်ဆောက်နေသည့် စစ်တွေရေနက်ဆိပ်ကမ်းသည် ၁၀၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကာ ၎င်းဆိပ်ကမ်းအားအိန္ဒိယအစိုးရမှ  မြန်မာသက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်များထံ မကြာမီလွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု (facebook)

Comments

Popular posts from this blog

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့နှစ်ဖက်တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မင်းပြားမြို့နယ်က နေအိမ်များကို ULA / AA မှ ဆောက်လုပ်ပေး