အနောက်ဘက် တံခါး မြေလုစစ်ပွဲ စာအုပ်ထွက်ရှိလာ

“ အနောက်ဘက်တံခါး မြေလု စစ်ပွဲ” စာအုပ် ထွက်ရှိ

မဘုကေ
စစ်တွေ၊ ဇန်နဝါရီ ၎

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အကြောင်းကို ရေးထားသားသော “အနောက်ဘက်တံခါးမြေလုစစ်ပွဲ” စာအုပ် ထွက်ရှိလာပြီဖြစ်သည်။

အဆိုပါစာအုပ်ကို ရခိုင်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် သားရွှေဦး(ကစ္ဆပ)က ရေးသားထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ပထမအပတ်တွင် ထွက်ရှိလာခြင်းဖြစ်သည်။

“အနောက်ဘက်တံခါး အချုပ်အချာအာဏာအောက်ကို ပြန်လည်ရောက်ရှိရေးနဲ့ ရခိုင်လူမျိုးတွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် လုပ်တဲ့အခါ တစ်ထောင့်တစ်နေရာကနေ အထောက်အကူ ဖြစ်စေရေးအတွက် ဂျာနယ်လစ်တစ်ယောက်အမြင်နဲ့ တိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေ အပေါ်မှာ အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒေသခံရခိုင်လူမျိုးတွေရဲ့ ဆန္ဒ၊  သဘောထား အမြင်၊ အသံပေါင်းများစွာကို ထည့်သွင်းရေးသားထားတဲ့ အပြင်  အနောက်ဘက်တံခါး မြေလုစစ်ပွဲ ဆိုတဲ့ စာအုပ်ကို ပကတိ မြေပြင် အခြေအနေတွေကို လေ့လာပြီး မောင်တော ဒေသမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိရှိအောင် စာဖတ်သူတွေဆီ ချပြလိုက်ရခြင်းဖြစ်ပါတယ်” ဟု စာရေးသူ သားရွှေဦး (ကစ္ဆပ)က နိရဉ္စရာ သတင်းဌာသို့ ပြောသည်။

အဆိုပါစာအုပ်တွင် ရခိုင်မြေကို ဘင်္ဂါလီများ မြေလုရန်ကြိုးစားလာသည့်အကြောင်းများအပါအဝင် မကြာသေးမီက မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများအကြောင်းနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့်အဖွဲ့များအကြောင်းကိုလည်း သမိုင်းဆိုင်ရာအချက်အလက်အခိုင်အမာဖြင့် ဖော်ပြထားသည်။

အဆိုပါစာအုပ်အား တစ်အုပ်လျှင် ကျပ် ၂ဝဝဝ ဖြင့် တောင်မင်းကျော်ထွီးစာပေတိုက်က ထုတ်ဝေဖြန့်ချီနေခြင်းဖြစ်သည်။

Comments

Popular posts from this blog

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ