ရခိုင်ပြည်၌ မြို့အမည်
ပြည်နယ်မြို့တော်အမည် ( စစ်တွေ)
-------------------------------------
ရခိုင်ပြည်နယ်ဧရိယာအကျယ်အ၀န်းမှာ ၁၄၂၀၀.၀၈ စတုရန်းမိုင်ခန့်ရှိပြီး ဧကအားဖြင့်ဆိုလျှင် ၉၀၈၈၀၅ဧက ရှိပြီး စိုက်ပျိုးမြေဧကမှာ ၁၂၈၉၀၀၂ ဧကရှိကြောင်း ၂၀၀၉ ခုနှစ် ထုတ်ပြန်သော စာရင်းအရ သိရသည်။
လူဦးရေ ၃၈၈၃၃၃၀ (၂၀၀၉ ပြည့်နှစ် စာရင်း)
ရခိုင်ပြည်နယ်ကို ခရိုင်၎ခု၊မြို.နယ်၁၈ မြို.နယ်နှင့် မြို့နယ်ခွဲ၃ ခုဖြင့် ဖွဲ.စည်းထားပြီး စစ်တွေခရိုင်မှာ လူဦးရေ အထူထပ်ဆုးံဖြစ်သည်။စစ်တွေခရိုင်တွင် အိမ်ခြေပေါင်း ၂၂၁၁၂၇ ရှိပြီး လူဦးရေမှာ ၁၅၂၂၀၄၀ ရှိသည်။ကျောက်ဖြူခရိုင်တွင် အိမ်ခြေပေါင်း ၈၄၄၉၁ ရှိပြီး လူဦးရေမှာ ၅၆၀၃၄၉ ရှိကြောင်းဖော်ပြသည်။သံတွဲခရိုင်တွင် အိမ်ခြေပေါင်း ၆၁၇၄၀ရှိပြီး လူဦးရေမှာ ၃၇၆၄၅၀ ရှိပြီး မောင်တောခရိုင်တွင် အိမ်ခြေပေါင်း ၉၆၈၂၅ ရှိပြီး လူဦးရေမှာ ၇၂၄၄၉၁ ဦးဖြစ်သည်။ပြည်နယ်များထဲတွင် ရှမ်းပြည်နယ်မှာ လူဦးရေအများဆုးံဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဒုတိယ အများဆုးံဖြစ်သည်။
ရခိုင်ကမ်းရိုးတန်းအလျား အရှည်မိုင် ၃၆၀ ရှိသည်။လေ့လာဆန်းစစ်သူများအပြောအရ လက်ရှိရခိုင်လူဦးရေမှာ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊မြန်မာနိုင်ငံတစ်ခြားဒေသများနှင့် ပြည်ပနိုင်ငံများတွင် နေထိုင်သူများအပါအ၀င်ဆိုလျှင် စုစုပေါင်း ၅သန်းနီးပါးရှိကြောင့် သိရသည်။၎င်းပြင် ရခိုင်ပြည်၏ သစ်တောကြိုးဝိုင်း ဧရိယာမှာ ၁၆၈၆၂၆၇ဧက ရှိပြီး တောရိုင်းမြေဧရိယာမှာ ၃၅၃၂၂၉၉ ဧကနှင့် စိုက်ပျိုးခြင်းမပြုနိုင်သော ဧရိယာမှာ ၂၃၀၀၀၄၁ဧကရှိသည်။
ခရိုင် ၄ ခရိုင်
(စစ်တွေခရိုင်၊မောင်တောခရိုင်၊ကျောက်ဖြူခရိုင်၊သံတွဲခရိုင်)
မြို့နယ် ၁၈ မြို့နယ်
-----------------------
ကျောက်တော်မြို့၊ကျောက်ဖြူမြို့၊ဂွမြို့၊စစ်တွေမြို့၊တောင်ကုတ်မြို့၊ပုဏ္ဏားကျွန်းမြို့၊
ပေါက်တောမြဘူးသီးတောင်မြို့၊မာန်အောင်မြို့၊မောင်တောမြို့၊မင်းပြားမြို့၊မြေပုံမြို့
မြောက်ဦးမြို့၊ရသေ့တောင်မြို့၊ရမ်းဗြဲမြို့၊သံတွဲမြို့၊အမ်းမြို့ ၊မအီမြို. တို့ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ
-------------------------------------------
၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။
1. ရခိုင်လူမျိုး
2. ကမန် မျိုးနွယ်စု
3. ခမွီး မျိုးနွယ်စု
4. ဒိုင်းနက် မျိုးနွယ်စု
5. မရမာကြီး မျိုးနွယ်စု
6. မြို မျိုးနွယ်စု
7. သက် မျိုးနွယ်စု တို့ဖြစ်သည်။(ရွှီမြောက်ဦးစုစည်းဖော်ပြသည်)။
Posted 8th April by da zout kann
Labels: ရခိုင်ပြည်နယ်
Comments
Post a Comment