ဗုဒ္ဓ ခြေတော်ရာများ တည်ရှိနေသော နေရာများ
👏ဗုဒ္ဓ ​ခြေ​တော်​ရာများ 👏တည်​ရှိ​နေ​သော ​နေရာများ
၁ ။အိန္ဒိယပြည်   ဘုံဘိုင်​​မြောက်​ပိုင်း
နမ္မဒါမြစ်​ထဲ၌.. ​ခြေ​တော်​ရာတစ်​ဆူ...
၂ ။ အိန္ဒိ ယပြည်​  ဘုံဘိုင်​နယ်​​မြောက်​ပိုင်း
နမ္မဒါမြစ်​အထက်​ သစ္စပန်​​တောင်​​ပေါ်၌
ခြေ​တော်​ရာ တစ်​ဆူ
၃ ။အိန္ဒိယပြည်​​မြောက်​ပိုင်း  ဥဒယာနတိုင်း၌
တရုတ်​ဘုန်​​တော်​ကြီး  ဖာယီယန်​၏
    မှတ်​တမ်းအရ....
၎ ။အိန္ဒိယပြည်​  ပါတလိပုတ်​မြို့​တော်​၏
တောင်​ဘက်​သုံးလိအကွာ၌.. ​ခြေ​တော်​ရာ တစ်​ဆူ
( ဖာယီယန်​၏မှတ်​တမ်းအရ)..
၅ ။ သီရိလင်္ကာနိုင်ငံ(Sriada) တောင်ထိပ်၌
   ခြေတော်ရာ တစ်ဆူ……
၆ ။မြန်မာနိုင်ငံ  ရခိုင်ပြည်​နယ်​​မြောက်​ပိုင်း
မယူကမ်းပုံစည်းကျွန်း
သာစည်​​ထောင့်​ရွာ အန၌ ​ခြေ​တော်​ရာ တစ်​ဆူ..
၇ ။ မြန်​မာနိုင်​ငံ.  ရခိုင်​ပြည်​နယ်​. စစ်​​တွေမြို့. ကုလားတန်​မြစ်​ဝရှိ
ဖရုံကာကျွန်းဆု
မြေငူကျွန်း ဆံ​တော်​ရှင်​ဓာတ်​​တော်​.. အနီးရှိ..
ခြေ​တော်​ရာ  တစ်​ဆူ..
၈ ။ မြန်​မာနိုင်​ငံ မ​ကွေးတိုင်း​ဒေသကြီး
မင်းဘူးခရို​င်​.  မန်း​ချောင်း  မန်း​ရွှေစက်​​တော်​၌
အောက်​.. အထက်​​ခြေ​တော်​ရာ တစ်​ဆူ..
၉ ။ မြန်​မာနိုင်​ငံ ​မြောက်​ပိုင်း ဝနယ်
  လွိုင်​မူ​တောင်​ အ​ရှေ့​မြေက်​ဘက်
တောင်​​စောင်း၌  ​ခြေ​တော်​ရာ တစ်​ဆူ..
၁၀ ။ မြန်​မာနိုင်​ငံ ရခိုင်​ပြည်​နယ်​ မဟီ မအီ
မြစ်​အတွင်း၌ အထက်​ ​အောက်​ ဝဲယာ
ခြေ​တော်​ရာ  တစ်​ဆူ..
စသည်​တို့ ဖြစ်​ကြ​ကြောင်း ရန်​ကုန်​မြို့ 
တာ​မွေမြို့နယ်​. ​ကျောက်​​မြောက်​ရပ်
မဟာသုခပါဠိ တက္ကသိုလ်​ မှ ဆရာ​တော်
ဦးအရိယာဝံသ၏ ရခိုင်​ပြည်​နယ်
မအီစက်​​တော်​ရာသမိုင်း စာအုပ်​​တွင်
မှတ်​တမ်း ပြုထားပါသည်..
မြတ်စွာဘုရားရှင်သည်
မဟာသက္ကရာဇာ ၁၂၄ ခုနှစ်တွင်
ရဟန္တ  ယောနကတိုင်း
ယခု မြန်မာနိုင်ငံ  မကွေးတိုင်းဒေသကြီး
မင်းဘူးခရိုင် မကုမြို့နယ်လယ်ကိုင်းကျောင်း
တော်ရာ ဒေသ သို့လည်း ကြွရောက်ခဲ့ တော်မှု၏……
ဘုရားရှင်သည်  သာဝတ္တိပြည် ဇေတဝန်
ကျောင်းတော်သို့ ပြန်အကြွ နမ္မဒါမြစ်
ယခု မန်းချောင်း အနီးသို့ ရောက်သည်တွင်
နမ္မဒါနဂါးမင်၏ တောင်းပန်ချက်ကြောင့်
မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင်လက်ဝဲ
ခြေရာတော်ကို ချပေးခဲ့ပါ၏ ……
ယင်းကို  အောက်ခြေတော်ရာဟု  ခေါ်ဆိုကြသည်……
ဆက်လက်၍ ကြွမြန်းစဉ်  ထိုမြစ်အနီး
သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော်
ရသေ့၏ လျှောက်ထားတောင်းပန်ချက်ကြောင့်
မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်
ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်……
ထိုက်အထက် ခြေတော်ရာကို အထက်စက်တော်ရာဟု
သမုတ်ခဲ့ကြသည်ဟုဆိုကြပါသည်…………
သို့ဖြင့် ထိုနေရာများတွင်  စေတီများ
တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း
စေတီများတွင်ပွဲတော်များ  ကျင်ပခဲ့လေသည်။
အဆိုပါ  ခြေတော်ရာသည်  ကာလအတန်ကြာ
ကွယ်ပျောက်နေခဲ့ပြီးတောင်ဖီဆရာတော်ကြီး
ဓားမကူးဆရာတော်၏  ဖော်ထုတ်မှုဖြင့်
ပွင့်ပေါ်လာခြင်းကြောင်းမှတ်သားရပါသည် ရှင့် ………
မူရင်းတင်သူ >> ဖယောင်း မလေးမေတ္တာ
Comments
Popular posts from this blog
စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ
အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ
စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ