တိုင်းရင်းသားလက်ကိုင်တွေ ဘာကြောင်းရှိ
(နိုင်ငံရေး ခံစားချက်ဖြင့်ဖတ်ပါ)
ဒီစကားကိုမပြောချင်တဲ့တိုင်းရင်းသားခေါင်းနဲ့ ပြောထွက်ရဲတဲ့တိုင်းရင်းသားလူငယ်
တစ်ယောက်အမှန်စကားပဲ၊ မင်းတို့ငါတို့တိုင်းရင်းသားတွေ ဒါလေးကိုသိရင် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ကိုယ့်တိုင်းရင်းသားအရေးဘက်ကိုပဲနေမှာပါ။ ဒေါ်စုအစိုးရမဖြစ်ဖြစ်ခင်မှာ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးလို့တသွင်သွင်ဟောပြောခဲ့တယ်။ ခုအစိုးရဖြစ်လာတော့ ဘယ်မှာလဲငြိမ်းရေး။ ဒေါ်စုညီလာခံကျင်းပချိန်မှာ ဖက်ဒရယ် ဖက်ဒရယ်လို့ အားယားယားအော်နေကြတာ မင်းတို့ငါတို့
လိုက်ပြီးတော့တောင် ယောင်ခဲ့ကြသေးတာမို့လား၊ အခုဘယ်မှာလဲ ဖက်ဒရယ်အော်သံ။
စစ်ပွဲရပ်ဖို့နေနေသာသာ တရားသောစစ်လို့တောင်ထောက်ခံချက်ပေးလိုက်သေးတယ်။
အစိုးရသစ်လက်ထက်ကျမှ စစ်အသုံးစရိတ်ပိုထုတ်ပေးလိုက်သေးတယ်။
အောက်ပါစကားကိုတော့ ကချင်တိုင်းရင်းသားတစ်ယောက်ပြောခဲ့တဲ့စကားက မှတ်သားစရာ
ပါ။ တိုင်းရင်းသားခေါင်းဆောင်များလည်း မင်းတို့ငါတို့နဲ့တွေ့ရင်ဒီလိုပဲပြောပြမှာပဲ..
"တက်လာသမျှသော ဗမာအစိုးရခေါင်းဆောင်
အဆက်ဆက်ဟာ နောက်လာနောင်သားတို့
အတွက် ငြိမ်းချမ်းရေးမျိုးစေ့တွေ ချထားစေချင်
တယ်လို့ပြောခဲ့ပေမဲ့ တိုင်းရင်းသားလူမျိုးများကို
ထိုးစစ်မဆင်၊မတိုက်ခိုက်၊မသတ်ဖြတ်တဲ့ ဗမာအစိုး
ရဆိုတာ အခုအထိ မရှိသေးဘူး။သမိုင်းမှာလည်း
မရှိဖူးဘူး။
တိုင်းရင်းသားတွေကို နိုင်ငံရေးအရ ကျွန်ပြုပြီးမှ
ငြိမ်းချမ်းရေးတည်ဆောက်ချင်တဲ့ ဗမာအမျိုးသား
ရေးဝါဒီတွေကြောင့် ပြည်တွင်းစစ်က တစ်ခါမှ မရပ်
စဲနိုင်ခဲ့ဘူး။အပြောနှင့်အလုပ် ဘယ်တော့မှ မကိုက်
ညီတဲ့ ခွေးပါးစပ်က နတ်စကားပြောတဲ့ မျိုးယုတ်တွေ
များလိုက်တာဟဲ့''..တဲ့..။
အထက်ပါစကားဟာ မြန်မာပြည်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နှစ်ရာနီးပါး
လောက်ရှိလာရခြင်းရဲ့ အခြေခံအကျဆုံးစကားပဲ။ ဘယ်သူမှအားယားယားလက်နက်ကိုင်
ပြီးတောထဲမှာဆင်းဆင်းရဲရဲနေချင်မှာမဟုတ်ဘူး။ ဘယ်သူမှစစ်တိုက်ချင်ကြမှာမဟုတ်ဘူး။
အကြောင်းရှိလို့ အကျိုးပေါ်လာတာပါ။ မြို့ပေါ်မှာကြီးပြင်းလာကြတဲ့တိုင်းရင်းသားလူငယ်
တွေအနည်နဲ့ ဒီစကားအတွက် နားလည်နိုင်မှာမဟုတ်ပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်များတော့ ထိပ်တိုက်မတွေ့ချင်တဲ့အခါ တစ်ဖွဲ့ကို အစိပ်စိပ်အမွှာ
မွှာဖြစ်အောင် အချင်းချင်းရန်ဖြစ်အောင်ခွဲခဲ့တာလည်း ဒီဟာပဲ။ ဘာတဲ့လဲ..အဖွဲ့ကိုယ်စီနည်း
နည်းလေးရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်ကို နိုင်ငံတော်ဘတ်ဂျက်သုံးပြီး ခေတ်မှီတဲ့လက်နက်
လေယာဉ် တင့်ကားများသုံးပြီးအနိုင်ယူတိုက်ခိုက်နိုင်တာကို ဂုဏ်ယူနေကြတာဟာ တကယ်
ပြိန်းတာပဲ။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ရိုဟင်ဂျာတွေသိမ်းသွားတဲ့လက်နက်တစ်ရာကျော်တောင် ဘယ်နှစ်လက်ပြန်ရနိုင်ခဲ့လို့လဲ။ ခေတ်မှီတဲ့လက်နက်များနဲ့ ဘယ်မှာသုံးပြီး အပြတ်ချေ
မှုန်းခဲ့လို့လဲ။ ဒီသဘောတရားကိုကြည့်ချင်းအားဖြင့် တိုင်းရင်းသားတွေကို နိုင်ငံရေးအရ ကျွန်ပြု
ပြီး ငြိမ်းချမ်းရေးတည်ဆောက်ချင်တာဟာ အမှန်ကန်ဆုံးစကားပဲ။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊တရားဥပဒေစိုးမိုးရေးပိုင်ရှင် အုပ်ချုပ်တဲ့နိုင်ငံရေးအောက်မှာ
ဘယ်မှာလဲ ဖက်ဒရယ်၊ ဘယ်မှာလဲ ငြိမ်းချမ်းရေး၊ ဘယ်မှာလဲ တရားဥပဒေစိုးမိုးရေး၊
ဘယ်မှာလဲတိုင်းရင်းသားတန်းတူအခွင့်အရေး..ပြောပါ။
#မှတ်ချက်၊ပုဂ္ဂိုလ်ရေးအရမဟုတ်၊ နိုင်ငံရေးအရဖြစ်သည်။ မကြိုက်လျှင်ကျော်သွားပါ။
Comments
Post a Comment