အာနန္ဒာစန္ဒြားမင်း ကျောက်စာတိုင်

“အာနန္ဒာစန္ဒြားမင်း” ကျောက်စာတိုင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင် ကြိုးပမ်းမည်
~~~~~~~~~~~~
■ ရခိုင်ပြည် မြောက်ဦးမြို့မှာ အေဒီ-၆ ရာစု ဝန်းကျင်လောက်က စတင်ရေးထိုးခဲ့တဲ့ "အာနန္ဒစန္ဒြမင်း" ကျောက်စာတိုင်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပါနိုင်အောင် ကြိုးပမ်းနေ တယ်လို့ သိရပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ ယူနက်စကိုအဖွဲ့ တာဝန်ရှိသူတွေ မြောက်ဦးမြို့ကို လာရောက်လေ့လာတဲ့အခါ အဲဒီကျောက်စာတိုင်ကိစ္စကို ဆွေးနွေးကြမယ်လို့ ရခိုင်ပြည်ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် ဒေါ်ခင်သန်းက ပြောပါတယ်။ မြောက်ဦးမြို့ကို ယူနက်စကိုစာရင်းဝင်အောင် ကြိုးပမ်းခဲ့ရာ မှာ အခက်အခဲတွေ ရှိနေသေးတဲ့အတွက် အာနန္ဒစန္ဒြမင်း ကျောက်စာတိုင်ကို ယူနက်စကိုစာရင်းဝင်အောင် အရင်ကြိုးပမ်းဖို့ ဆုံးဖြတ်ခဲ့ကြ တာလို့ ပြောပါတယ်။ မြောက်ဦးမြို့က သျှစ်သောင်းပုထိုးနဲ့ ကိုးသောင်း ပုထိုးတော်ကြီးတွေကိုပါ ယူနက်စကို စာရင်းဝင်အောင် တင်ပြဖို့ စီစဉ်ခဲ့ပေမယ့် ရှေးဟောင်းလက်ရာတွေ ဖျက်ဆီးခံလိုက်ရတဲ့အတွက် မတင်ပြနိုင်ဘဲ၊ ထုက္ကန့်သိမ် ပုထိုးတော်ကိုပဲ ယူနက်စကိုအဖွဲ့ကို တင်ပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အာနန္ဒစန္ဒြမင်း ကျောက်စာတိုင်မှာ စာမျက်နှာပြင် ၄ ခုပါဝင်ပြီး၊ စာမျက်နှာတခုနဲ့တခု နှစ်ပေါင်း ၂ ရာလောက်စီခြားပြီး ရေးထိုးခဲ့တာဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရ အဲဒီကျောက်စာဟာ ရခိုင်မင်းဆက်တွေ အကြောင်းကို သက္ကဋဘာသာနဲ့ ရေးထိုးထားတာလို့ သိရပါတယ်။

စစ်ခွေးပစ် မုဆိုး ပြည်လည်မျှဝေသည်။

Comments

Popular posts from this blog

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ