မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ထုတ်ပြန်ကြေညာချက်
=====================================
အမှတ် (၅/၂၀၁၆)
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်
၁။ မြန်မာပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် မိမိတို့တိုင်းရင်းသားများ၏ နစ်နာဆုံးရှုံးနေသော နိုင်ငံရေး အခွင့်အရေးများကို တောင်းဆိုတိုက်ပွဲဝင်ရာတွင် စစ်ရေးဖြင့်ဖြေရှင်း၍ မရနိုင်မှန်း ကောင်းစွာသိရှိ နားလည်ပါသည်။ ထို့အပြင် ၄င်းပြဿနာများကို တန်းတူမျှတသည့်နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှသာ ရနိုင် မည်ဟု ယုံကြည်ပါသည်။
၂။ သို့သော်လည်း မြန်မာစစ်တပ်သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ တပ်စခန်းများသို့ မြေပြင်မှနေ၍ နေ့စဉ် ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို လေကြောင်းမှလည်း ဂျက်တိုက်လေယာဉ် ရဟတ်ယာဉ် များဖြင့် တစ်ရက်ထက်တစ်ရက် အကြိမ်အရေအတွက်၊ အစီးအရေအတွက်များ တိုးမြှင့်ကာ ဗုံးကြဲ တိုက်ခိုက်လျှက်ရှိနေပါသည်။ ထို့အပြင် မိမိတို့လူမျိုးများနေထိုင်ရာ ကျေးရွာများနှင့် စပါးပုံများအား မီးရှို့ ဖျက်ဆီးခြင်း၊ ရွာလုံးကျွတ်ရွှေ့ပြောင်းခိုင်းခြင်း၊ ဒေသခံတိုင်းရင်းသားများကို ဖမ်းဆီးနှိပ်စက်ခြင်း အစရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ပြုလုပ်နေပါသည်။
၃။ မြန်မာစစ်တပ်မှ ယခုကဲ့သို့ တိုင်းရင်းသားဒေသများကို မြေပြင်၊ ဝေဟင်မှ ပြင်းထန်စွာထိုးစစ်ဆင် တိုက်ခိုက် နေခြင်းနှင့် တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေခြင်းသည် နိုင်ငံ၏ လူမှုစီးပွားကျဆင်းခြင်း၊ လူ့အရင်းအမြစ်များ ဆုံးရှုံးနစ်နာစေရုံသာမက လူမျိုးရေးပဋိပက္ခအသွင်ဆောင်သော တိုက်ပွဲများဖြစ်လာရန်ဦးတည်နေပါသည်။
၎။ နှစ်ပေါင်း (၆၀)ကျော်ကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် မြန်မာနိုင်ငံအတွင်းသာမက အိမ်နီးချင်းနိုင်ငံများကိုပါ ဂယက်ရိုက်ခတ်စေခဲ့သည်။ ဤပြည်တွင်းစစ်မီးအား မဖြေရှင်းနိုင်ပါက အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင် အာရှ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကိုပါ ထိခိုက်စေမည်။
၅။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အနေဖြင့် စစ်မှန်ပြီးမျှတသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးစတင်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ထပ်မံထုတ်ပြန် လိုက်ပါသည်။
မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့
၂၁ .၁၂ . ၂၀၁၆ နေ့က မြောက်ပိုင်း မဟာမိတ်ထုပ်ပြန်ချက်
Subscribe to:
Post Comments (Atom)
တိုက်ပွဲသတင်း
စစ်ကော်မရှင် လက်နက်ကြီး ကျရောက်၍ ကျောက်ဖြူမှာ ၃ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရ
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
Buthidaung Township cattle aunt of the white standard grocery shops in the village and at about 5 pm on Tuesday, April 1, 4 home village goo...
-
၁၃ အောက်တိုဘာ ၂၀၂၅ Lay Wadi Media ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင် စစ်သင်္ဘောပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ၃ နှစ...
-
စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင...
No comments:
Post a Comment