မျိုးစစ်မှ မျိုးကို ချစ်မည်
တအာင်းလူမျိုးကိုချစ်လျှင် ဤစာစောင်လေးကို ဆုံးသည်ထိဖတ်သွားကြပါ။ တအာင်းလူမျိုးတို့သည် ဝတ်စား ဆင်ယင်မှုပေါ် မူတည်၍ တအာင်းဟူသော အမျိုးအမည်ကိုလည်း များပြားစွာခေါ်တွင်ကြလိမ့်ရှိခဲ့သည်။ သို့သော် အ မည်အမျိုးမျိုးဖြင့် ခေါ်တွင်ခဲ့ကြပါသော်လည်း မျိုးစစ်မှန်ကိုပြန်ချုပ်ကြည့်ပါလျှင် ၂ မျိုးတည်းသာ တွေ့ရှိရနိုင်ပါမည်။
ထို၂မျိုးမှာ မျိုးချစ်တအာင်းနှင့် မျိုးမချစ်တအာင်းဟူသော ၂မျိုးသာရှိမည်။ မည်သည့်လူမျိုးဘာသာဟူသည် မဆို မိမိ၏လူမျိုးကို ချစ်တတ်နိုင်ရန် မျိုးစစ်ဖို့သာလိုအပ်သည်။ မျိုးမစစ်ပါလျှင် မျိုးကိုမချစ်တတ်ကြပါ။ မိမိကိုယ်ကို တအာင်းတစ်ယောက်ဟု လေးလေးနက်နက် ဆုံးဖြတ်ထားပါလျှင် တအာင်းဟူသော မိမိ၏လူမျိုးနှင့် ဂုဏ်သိက္ခာကို အလေးထားကြပါ ချစ်မြတ်နိုးပါ တန်ဖိုးထားပါ။
ကျွန်ုပ်တို့တအာင်းလူမျိုးများသည် မြန်မာနိုင်ငံတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအဖြစ် ယခုချိန်ကာလထက် နှစ်ပေါင်းများစွာစောဝင်ရောက်ပါဝင် အခြေချနေထိုင်ခဲ့ကြရပါသော်လည်း ယနေ့ထိတိုင် ကျွန်ုပ်တို့ တအာင်းလူမျိုးများမှာ အခြားသောတိုင်းရင်းသား လူမျိုးများထက် နိမ့်ကျနေဆဲပင်ဖြစ်သည်။
အဘယ်ကြောင့်နိမ့်ကျနေရသည်ကို ပြန်တွေးကြည့်ပါလျှင် ယခုလက်ရှိအဖြစ်အပျက်များ၏ အကြောင်းရင်း များစွာ တွေ့ရှိရပါမည်။ ကျွန်ုပ်တို့တအာင်းများ၏ အဓိကအကြောင်းရင်းမှာ ကျွန်ုပ်တို့တအာင်းများမှာ မျိုးချစ်စိတ်ဓာတ် အားနည်းသောကြောင့်ပင်ဖြစ်၏။ တအာင်းဟုအမည်ခံပြီး တအာင်းဘာသာစကား စာပေ ရိုးရာယဉ်ကျေးမှုဟူသမျှ ဘယ်တစ်ခုမှ မသိတတ် နားမလည်ကြသည်ကို များသောအားဖြင့် တွေ့ရှိရခြင်းကြောင့် ဝမ်းနည်းဖွယ်ကောင်းသော ခံစားမှုတစ်ခုပင် ဖြစ်ရပါသည်။ မိမိ၏လူမျိုးကို မိမိကိုယ်တိုင်က မချစ် တန်ဖိုးမထားခဲ့ပါလျှင် မည်သည့်လူမျိုး မည်သူ က မြတ်နိုးတန်ဖိုးထားပေးမည်နည်း။
အချို့သောတအာင်းတို့မှာ ပြောတတ်လိမ့်ရှိကြ၏ တအာင်းလူမျိုးကိုသာ ယူလျှင်ယူ သို့မဟုတ် တစ်ခြားသော တိုင်းရင်းသားလူမျိုးများနှင့် ထိမ်းမြားလက်ထပ်ယူပါသော်လည်း မိမိအတွက်မည်သည့်အရာမျှမှ ဆုံးရှုံးမှုမရှိခဲ့သလို မည်သည့်အကျိုးမှလည်း မိမိအတွက်မထူးခဲ့ပါသောကြောင့် ပြောတတ်လိမ့်ရှိကြသည်။
အဆိုပါတအာင်းလူမျိုးစစ်စစ် မိသားတစ်စုမှာ မွေးချင်း ၂ယောက်ပါရှိပါမည်။ ပထမတစ်ယောက်ဟာ မိမိ၏တအာင်းလူမျိုးဖြစ်သောသူနှင့် လက်ထပ် ယူပါလျှင် ဒုတိယတစ်ယောက်က အခြားသော တိုင်းရင်းသား(သို့) ဗမာနှင့် လက်ထပ်ယူပါက ထိုမှစ၍ ထူးခြားလာ သည်ကို တွေ့ရှိရလိမ့်မည်။ ပထမမိသားစုမှာ စစ်မှန်သော တအာင်းမိသားစုဖြစ်ပြီး မွေးဖွားပေါက်ပွားလာသော မျိုး ဆက်ငယ်များလည်း တအာင်းစစ်စစ်သာ ဖြစ်ပါပေမည်။
ဒုတိယမိသားစုမှာ တအာင်းနဲ့ဗမာ ပေါင်းစပ်ထားပြီး မွေးဖွားပေါက်ပွားလာသည့် သားသမီးဖြစ်သောကြောင့် တအာင်းဘာသာစကားများကို နားလည်ခဲ့သည်ဆိုပါသော်လည်း တအာင်းစာပေနှင့် ယဉ်ကျေးမှုကို မတတ်တော့ပါ။ ထိုဒုတိယမိသားစုက သားသမီးများ ဗမာလူမျိုးကို ဆက်လက်ပြီး လက်ထပ်ယူပါလျှင် ထိုသူ၏ သားသမီးများမှာ သေ ချာပြီတအာင်းစကားကိုလည်း မပြောတတ်ပါ။ ထို့ကြောင့် တအာင်းစစ်စစ်တစ်ယောက်မှ အရွေးများမှားခဲ့ပါလျှင် မျိုး ဆက် ၃ဆက်ဖြင့် လူမျိုးဖျောက်နိုင်ပါသည်။
ထိုသို့ဖြင့် တအာင်းလူငယ်မောင်မယ်များ အရွေးမမှားကြစေလိုရန် မေတ္တာရပ်ခံအပ်ပါသည်။ တစ်ချို့သော သူက အချစ်အတွက်ဖြင့် လူမျိုးကို စွန့်လွတ်တတ်ကြ၏ တစ်ချို့သောသူသည် လူမျိုးအတွက်ဟူ၍ အသက်ကို စွန့် လွတ်နိုင်သည်။ အကျွန်ုပ်တို့မှ အဘယ့်ကြောင့် အချစ်ကိုမစွန့်လွတ်နိုင်ရမည်ဟုဆိုကာ လူမျိုးအတွက်ဖြင့် အချစ်ကို စွန့်လွတ်တတ်နိုင်ကြပါရန် လေးစားစွာဖြင့် အနူးအညွတ် မေတ္တာရပ်ခံတောင်းပန်ပါသည်။
ကျွန်ုပ်တို့၏ လူငယ်သင် တန်းမှ သင်ခန်းစာတွင် စွဲစွဲမြဲမြဲမှတ်သားထားနိုင်ပါရန် စကား ၂ခွန်းတည်း သာရှိသည်။ မျိုးစစ်မှ မျိုးကိုချစ်မည်ဟူသော စကားနှင့် မြေမျို၍ လူမျိုးမသုဉ်း လူမျိုမှလူမျိုးသုဉ်းမည်ဟူသော စကားသာဖြစ်သည်။ မိမိ၏ လူမျိုးမှတစ်ပါး အခြား သော တိုင်းရင်းသားလူမျိုးများနှင့် ထိမ်းမြှားလက်ထပ်ယူခြင်းကို ရှောင်လွဲကြပါရန် တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါသည်။
အစဉ်လေးစားလျက်
ဒီဒါင်ဆိုရ်မျံမ်ငျံရ် (ရူတီုင်ဟျော-ကုင်အိုမ်ယ်ုရ်)
Comments
Post a Comment