မြောက်ဦးခေတ် ရခိုင် စစ်ဘုရင် မင်းဘာကြီး ( သို့ ) ရခိုင်အင်ပါယာကို ချဲ့ထွင်နိုင်သူ ( ၁ )


ရှည်လျှားလှတဲ့ ရခိုင်သမိုင်းကြောင်းတလျှောက် ရခိုင်ဘုရင့်နိုင်ငံတော်ကို ကြီးကျယ်ခမ်းနားအောင်စွမ်းဆောင်နိုင် ခဲ့တဲ့ ရခိုင် စစ်ဘုရင် တွေများစွာရှိခဲ့တယ်။ဒီဘုရင်တွေထဲက ၁၆ ရာစုအလယ်လောက်မှာ ရခိုင်နိုင်ငံတော်မြာက်ဦး ထီးနန်းကိုစိုးစံခဲ့ တဲ့ မင်းဘာဘုရင်ဟာလက်ရုံးရည်ရောနှလုံးရည်မှာပါအထူးပြောင်မြောက်ထူးချွန်ခဲတဲ့မင်းတပါးဖြစ်တယ်။ဘုရင်ကြီးဟာ မြောက် ဦးထီးနန်း ကို မဆက် ခံခင် ကတည်းက ဖခမည်းတော် မင်းရာဇာလက်ထက်မှာစစ်သေနာပတိ တာဝန်ကိုပါ ထမ်းဆောင်ခဲ့ရသူဖြစ်တာကြောင့် စစ်ရေးစစ်ရာ ကျွမ်းကျင် သူဖြစ်သလို စစ်ပရိယယ် ကို နားလည် နှံ့စပ် သူလဲ ဖြစ် တယ်။

ဒါ့အပြင် Sandoway နယ်စားအဖြစ်တာဝန်ယူအုပ်ချုပ်ခဲ့စဉ်က ရခိုင် ပြည်သူတွေကြားကိုကိုယ်တိုင် သွား ရောက်ပြီး ရခိုင်ပြည်သူနင့် နီးစပ်စွာ ဆက် ဆံခဲ့တဲ့အတွေ့အကြုံကသူဘုရင်ဖြစ်လာတဲ့အခါ အဖိုးမဖြတ်နိုင်လောက်အောင်အဖိုး တန်ခဲ့တယ်။အိမ်ရှေ့ မင်းသားတပါး၊စစ်သေနာပတိချုပ်တာဝန်အပြင် နယ်စားအဖြစ်ပါအုပ်ချုပ်ခဲ့ရတာကြောင့်ရခိုင် နိုင်ငံ တော်ရဲ့ အားနည်းချက် အားသာချက်တွေကိုလဲ သေချာသဘော ပေါက်နား လည် တဲ့မင်း တပါးဖြစ် တယ်။ ဒါကြောင့် သူဘုရင်ဖြစ်လာတဲ့အခါ အုပ်ချုပ်ရေးနင့်စစ်ရေးများကိုပါခေတ်စနစ်နင့် အညီများစွာပြုပြင် ပြောင်း လဲမှုများ လုပ်နိုင်ခဲ့ တာတွေ့ရပါတယ်။

ဘုရင်မင်းဘာနန်းတက်လာတဲ့အချိန်ဟာ ရခိုင်နိုင်ငံတော်ရဲ့ စစ်ရေးအင်အားအနေအထားဟာ အတော်အသင့်တောင့် တင်းခိုင်မာတဲ့အနေအထားဖြစ်တယ်။ဒါ့အပြင်သူ့အနားမှာ မဟာပညာကျော်လို အမြော်အမြင်ဥာဏ်ပညာကြီးမားတဲ့ ပညာရှိအမတ်ကြီးတွေလဲ ၀ိုင်းရန်လျှက်ရှိခဲ့တဲ့အတွက် ဘုရင်ကြီးလိုအပ်သမျှ လိုအပ်တဲ့အချိန်မှာ အကောင်းဆုံး အကြံ ဥာဏ်တွေပေးနိုင်ခဲ့ကြတာကြောင့်လဲ ရခိုင်နိုင်ငံတော်ကြီးကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့ပုံရပါတယ်။ဒါကြောင့်လဲ မင်းဘာဘုရင်လက်ထက်မှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ ဘင်္ဂလားပြည်ကို ပြန်လည်သိမ်းယူနိုင်ခဲ့သလို ရခိုင်ပြည်ကို အမျိုးမျိုးရန်စ စော်ကားနေတဲ့ပေါ်တူဂီတွေကို အကောင်းဆုံး ဆုံးမအနိုင်ယူနိုင်ခဲ့တယ်။

မင်းဘာဘုရင်ကြီးလက်ထက် အထင်ရှားဆုံးအောင်ပွဲတခုက တော့ ရခိုင်ပြည်ကိုအကြိမ်ကြိမ်ကျူးကျော်နယ်ချဲ့ ရန်စ စော်ကားနေခဲ့တဲ့ ဗမာဘုရင် တပင်ရွှေ ထီးစစ်တပ်ကို ရိုက်ချိုးဖျက်ဆီးပြီး ရခိုင်ပြည်ကို ကျူးကျော်စော်ကား မှု နောက် နောင်ရာသက်ပန်ထပ်မလုပ်နိုင်အောင် ဆုံးမနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဆောင်းပါးမှာ မင်းဘာဘုရင်ကြီးလက်ထက် ရခိုင် ဘုရင့်နိုင်ငံတော်ရဲ့ အင်ပါယာချဲ့ ထွင်နိုင်မှု အနေ အထားနှင့် သူနင့်ခေတ်ပြိုင်အိမ်နီးချင်းနိုင်ငံတွေအတွေအပေါ် ရခိုင်တို့ သြဇာလွှမ်းမိုး အောင် ဘယ်လို စွမ်း ဆောင်နိုင်ခဲ့တယ်ဆိုတာကို လေ့လာတင်ပြသွားမှာဖြစ်ပါတယ်။

မင်ဘာဘုရင်မတိုင်မီ ရခိုင်-ပေါ်တူဂီဆက်ဆံရေးအခြေအနေ

Morris Collis & San Shwe Bu ရေးတဲ့ Arakan’s Place in the Civilization of the Bay မှာ ပထမဆုံးအကြိမ် ပေါ်တူ နင့်ရခိုင်တို့ တရားဝင် စတင်တွေ့ဆုံဆက်ဆံခဲ့ကြတာ သက္ကရဇ် ၁၅၀၀ကျော်လောက် က ပေါ်တူဂီနယ်စားကြီး Lopo Soares de Albergaria ကသူ့ကိုယ်စလှယ် Silveira ကို ရခိုင်ပြည်သို့ သံအဖြစ်စေလွှတ်ခဲ့ရာက စတင်ခဲ့ တယ်လို့ ဆိုတယ်။အဲဒီတုန်းက ရခိုင်ထီးနန်းကို မင်းရာဇာဘုရင်ကြီး ((r. 1501-1523))(မင်းဘာဘုရင်ကြီး၏ဖခင်) အုပ်ချုပ်နေတဲ့အချိန်။ပေါ်တူဂီလူမျိုး Duarte Barbosa ဆိုသူက ဘုရင်မင်းရာဇာနင့်ပတ်သက်ပြီး ခုလို မှတ်တမ်း တင် ထားတာတွေ့ရတယ်။

This king is very rich in money, and powerful from the number of his men at arms: he is often at war with his neighbors, and some of them obey him against their wills, and render him tribute. He lives in great luxury, and posseses very good houses in all the towns where he resides, which have got many pools of water, green and shady gardens, and good trees.

(ဘုရင်ကြီးဟာသူကိုယ်တိုင် ငွေကြေးပြည့်စုံကြွယ်ဝရုံတင်မက လက်နက်လူသူစစ်သည်အင်အား တောင့်တင်းပြီး သြဇာ အာဏာပြည့်ဝတဲ့ မင်းတပါးလဲဖြစ်တယ်။ သူဟာ အိမ်နီးချင်းနို်င်ငံတွေကိုလဲ မကြာမဏ တိုက်ခိုက်အောင်နိုင် သစ္စာ ခံ စေပြီး လက်ဆောင်ပဏ္ဏာတွေဆက်သခိုင်းသူလဲဖြစ်တယ်။ ရခိုင်ဘုရင်ကြီးဟာ ကြီးကျယ်ခမ်းနားတဲ့ ဇိမ်ခံ အိမ် ကြီးတွေ ကိုပိုင်ဆိုင်နေထိုင်သလို အိမ်ကြီးတွေကိုလဲ ရေကန်တွေ၊စိမ်းစိုလှပတဲ့ ပန်းဥယာဉ်တွေ သစ်ပင်တွေနင့် ခမ်း ခမ်းနားနား ပြုပြင်ဆောက်လုပ်စီမံထားတယ်။)

ရခိုင်ဘုရင်မင်းရာဇာဟာ ပေါ်တူဂီသံကိုယ်စလှယ်ကို အင်မတန်လှိုက်လှဲပျူငှာစွာဆက်ဆံခဲ့တယ်။ရခိုင်တို့အနေနင့် အဲဒီတုန်းက ရန်လိုတဲ့ ဗမာ(ပဲခူး) နင့် ဘင်္ဂလားတို့ကြား အမြဲတမ်းသတိထားနေရတဲ့အချိန်ဖြစ်တာကြောင့် ပေါ်တူဂီတို့ နင့်အဆင်ပြေသင့်မြတ်အောင်ဆက်ဆံထားဖို့လိုအပ်တယ်လို့ မင်းရာဇာ နားလည်ထားခဲ့ပုံရပါတယ်။ဒါပေမယ့် ရခိုင် တို့ ဖက်က လှိုက်လှဲပျူငှာမှုအပေါ် ပေါ်တူဂီတို့ဖက်က သံသယ ဖြစ်ခဲ့တာတွေ့ရတယ်။ ကိုယ်စလှယ် Silveira က မကြာ ခင်က သူ့ကို ရခိုင်တို့သြဇာခံ စစ်တကောင်းမြို့ မြို့ စားက အင်မတန် ရိုင်းစိုင်းစွာ ဆက်ဆံခံခဲ့ရပြီး ရခိုင်ပြည်မှာ အထူး အခွင့် အရေး ပေးခံနေရတာရခိုင်တို့ဘက်က တစုံတရာ မရိုးသားတဲ့အနေအထားလို့ကောက်ချက်ချခဲ့တယ်။

ဒီလို Silveira ရဲ့ ကောက် ချက်ချခဲ့မှုအပေါ်အခြေခံပြီး ပေါ်တူဂီတို့ဟာ ရခိုင်ကို မိတ်ဆွေမဟာမိတ် နိုင်ငံသဘောထက် ရန်ဘက် နိုင်ငံလို သာ သဘောထား ဆက် ဆံ ခဲ့ ကြတာကို မင်းရာဇာရဲ့ အရိပ်အရာကိုဆက်ခံတဲ့ မင်းလေးဆက် ဖြစ် တဲ့ Gadzabadi (r. 1513-1515), Min Saw O (1515), and Thatsata (r. 1515-1521) Min Khaung(1521-31) ထိ ရခိုင်တို့ရဲ့ ကမ်းခြေ မြို့ တွေကို ပေါ်တူဂီတို့ အကြိမ် ကြိမ်လာတိုက်ခိုက်ခဲ့ကြတာကိုတွေ့ရတယ်။ရခိုင်ဘုရင့် နိုင်ငံ ရဲ့ ပင်လယ် ကမ်း ခြေမြို့ တွေကို ပေါ်တူဂီတို့လာတိုက်ရတာဟာ ပေါ်တူဂီပိုင်ကုန်သင်္ဘောတွေကို ရခိုင် ပင်လယ် ဓားမြ တွေ လုယက်လို့ ဖြစ် တယ်လို့အကြောင်းပြပေမယ့် ပင်လယ်ဓားမြတော်တော်များများဟာ အာဖဂန် နင့်ဘင်္ဂလီ လူမျိုး တွေဖြစ်နေတယ်။

ရခိုင်-ဘင်္ဂလားစစ်ပွဲ (၁၅၃၁)

ရခိုင်ဘုရင်တွေထဲမှာ ရခိုင်ဘုရင့်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေတင်မက ကမ္ဘာကပါ ဧကရဇ်မင်းတပါးအဖြစ် လေးစား ကြောက်ရွံ့ခဲ့ကြရတဲ့၊ရခိုင်လူမျိုးတို့ကမင်းဘာကြီး(the great king)လို့ကြည်ညိုလေးမြတ်စွာခေါ်ခဲ့ကြတဲ့ မင်းဘာ ဘုရင် ကြီးဟာသက္ကရဇ်၁၅၃၁ခုနှစ်မှာဘထွေးတော် မင်းခေါင်ဘုရင်အရိတ်အရာကိုဆက်ခံပြီး သိရိသူရိယ စန္ဒြ မဟာဓမ္မရာဇာ (Sirisuriyacandramahadhammaraja) ဘွဲ့ကိုခံယူပြီးရခိုင်ပြည်မြောက်ဦး ထီးနန်းကို ဆက်ခံစိုးစံတယ်။မင်းဘာ ဘုရင် ကြီးနန်းတက်လာတဲ့အချိန်ထိ ပေါ်တူဂီတို့ ရခိုင်ပြည်ကို နည်းမျိုးစုံနင့် နှောင့် ယှက် ရန်စနေတာကို ခံနေရဆဲဖြစ် တယ်။

မင်းဘာဘုရင်ကြီးဟာ ရခိုင်နိုင်ငံတော်ရဲ့ စစ်အင်အားအခြေအနေကို စိတ်တိုင်းကျမတည်ဆောက်ခင် ဥရောပက အင် အား ကြီးနိုင်ငံတခုကို ရင်ဆိုင်တိုက်ခိုက်ဖို့မသင့်တော်မှန်းရိတ်စားမိတယ်။ဒါကြောင့် စစ်အင်အားအခြေအနေကိုမ သေ ချာသေး တဲ့ ပေါ်တူဂီ ကို တိုက်ခိုက်မယ့်အစား ညီညွတ်မှုပြိုကွဲနေပြီး၊ရခိုင်တို့ရဲ့ အစဉ်အလာရန်သူဖြစ် တဲ့ ဘင်္ဂလား ကို တိုက်ခိုက် သိမ်း ပိုက် ဖို့ရွေး ချယ်ခဲ့ တယ်။ ဒါကြောင့် ရခိုင်တို့ လက်လွှတ် ဆုံးရှုံး ခံ ထားရတဲ့ ဘင်္ဂလားဒေ့ခ်ျ မြောက်ပိုင်း နယ် ၁၂ ခုကို ပြန်ရယူဖို့ အချိန် ကောင်း ပဲလို့ဆုံးဖြတ်ခဲ့တယ်။

ခရစ်သက္ကရဇ် ၁၅၃၁ ခုနှစ်၊ နန်းသက် တနှစ်တောင်မပြည့်သေးတဲ့ရခိုင်ဘုရင်မင်းဘာဟာ ဘင်္ဂလားကိုစစ်ကြေငြာပြီး ကုလားတန်မြစ်စစ်ကြောင်း၊ ရခိုင်ကမ်းခြေစစ်ကြောင်း နင့် ရခိုင်ပင်လယ်ကိုဖြတ်ကျော်တဲ့ ရခိုင်ရေတပ်စစ်ကြောင်းဆိုပြီး ကုန်းကြောင်းရေးကြောင်း ပေါင်းစပ်ထားတဲ့ စစ်ကြောင်းကြီးသုံးကြောင်းနင့် ဘင်္ဂလားပြည်ချီတက်ခဲ့တယ်။ မင်းဘာ ဘုရင်ကြီး ရဲ့ တပ်တွေဟာ ဘင်္ဂလားတို့ရဲ့ ကမ်းခြေမြို့ ဖြစ်တဲ့ ရာမူးမြို့ ကိုအောင်မြင်စွာသိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် ဆိပ် ကမ်းမြို့ ဖြစ်တဲ့ စစ်တကောင်းမြို့ ကိုဆက်လက်ချီတက်သိမ်းယူခဲ့တယ်။စစ်တကောင်း မြို့ မှာ ဘင်္ဂလီတပ်သား တသောင်းကျော်တို့ရခိုင်တပ်ကိုအညံ့ခံပြီးတဲ့နောက် ဘင်္ဂလီအိမ်ရှေ့ မင်းသား Moorad Singh ကိုလက်ရ ဖမ်းဆီး လိုက်နိုင်တယ်။အဲဒီနောက် မင်းဘာဘုရင်ဟာ Dacca မြို့ ကိုဆက်လက်ချီတက်သိမ်းယူတယ်။ ဘင်္ဂလီတို့ဘက်က ဘင်္ဂလီတော်ဝင်ဘုရင့် သမီးတော် Pesita ကိုကမ်းလှမ်းပြီး စစ်ပြေငြိမ်းဖို့ဆွေးနွေးတာကိုလက်ခံတဲ့အတွက် ရခိုင်ဘင်္ဂလီ စစ်ပွဲပြီး ဆုံးခဲ့ပြီး ဘင်္ဂလားဒေ့ခ်ျတခုလုံး ရခိုင်တို့သြဇာအောက်သွတ်သွင်းနိုင်ခဲ့တယ်။

ဘင်္ဂလားကိုတိုက်ခိုက်အောင်မြင်လိုက်နိုင်တာဟာ ရခိုင်တို့အတွက် စိတ်ဓာတ်ရေးရာအရ အမြင့်ဆုံးကိုတွန်းပို့ မြှင့်တင် လိုက်နိုင်တာလဲဖြစ်တာကြောင့် မင်းဘာဘုရင်ကြီးရဲ့ ဘင်္ဂလားကို စတင်တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ရေးသနင်္ဂဗျူဟာ နင့်စစ်မြေပြင်ရွေးချယ်မှုမှန်ကန်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။

ဘာသာပြန်စာရေးဆရာ
အောင်မြင်စိုး၏ပို့စ်အား ရခိုင်အမျိုးသားအကျိုးစီးပွားအလို့ငှါ ကူးယူဖော်ပြသည်။ မှ--fb: ဘုရင် ကပ္ပီလဝပ်ပြည်ရှင်

Comments

Popular posts from this blog

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်