တင်းဝါပန်းခိုင် တမြိုင်မြိုင် ရခိုင်လူသီအလောင်း - ၇၄၅၂၇၅၅
ရခိုင်ပြည်ကြီး ရင်စည်တီးဗျာလ် မီးလှောင်တိုက်သွင်း ဖ၇ိုးဖရာပျက်ယွင်းပနာ အဟြှိအနောက် တောင်နန့်မြောက်ကို ခြီဦးတည်ရာ သက်ချမ်းသာရာကို ထွက်ဗျာလ်ဗြီးကေ ထွေမာတစ်စု ဒေတစ်စုနန့် ကရားငါးပါး ဖြစ်ဗျာလ်လားကတ် မိဝီးဖ၀ီး သွီးချင်းဝီးခ ဖြစ်ကတ်ရရေ ယင်းချိန်ကာလ ရခိုင်ရို့ဘ၀ " ကမ်းနားသစ်ပင် " ဖြစ်ခရ ...........။
" ကျူပင်ကိုခုတ် ကျူငုတ်မကျန်စေနဲ့ "လတ် လူငယ်လူကြီး တာမရွီးပဲ တွိရေလူခွတ် ဘီလူးမွတ်ရို့ မိ့မအချေ မတွေဝေပဲ ပို့ခသီတွင်း ဖြစ်ပျက်ဆင်းက ကာလငရဲ ၀ဋ်ငရဲကို ကျခကတ်တေ ရက္ခိတအနွယ် ရခိုင်ရို့လေ ........။
ရခိုင့်ပင်လယ် နက်မှောင်လီကေ အလှမ်းကျယ်ပြော ပင်လယ်တောမာ လောင်းကြီးလောင်းချေ အသွယ်သွယ်ရို့ ပပြည့်စီဗျာလ် ဟိခလီရေ ယင်းအချိန်ကာလ ဖြစ်အပျက်မာ မုန်းတိုင်းလဗွီ ထပြန်လီကေ လောင်းကြီးလောင်းချေ အသွယ်သွယ်ရို့ မြုပ်ဗျာလ်ကွယ်ပျောက် သီတွင်းရောက်ခ ရွီတွက်မရ ယင်းအချိန်ခါက ........။
အစာရီစာ ငတ်ပြတ်လာလို့ ဒုက္ခဆင်းရဲ ၀ဋ်ငရဲမာ သီခတစ်ဖန် ဟိလီပြန်ရေ ရေဂါကပ်ဆိုး မွှီဗျာလ်ထိုးလို့ အသက်ပီးခ ဖြစ်ပုံပျက်တိ ယင်းအချိန်ကာလ ရခိုင်ရို့ဘ၀ ........။
ရိုးမတောင်တန်း သွယ်ဗျာလ်တန်းရေ တောကြီးတောင်ကြီး ဟေမ၀န္တာကြီးကို ထွက်ဗျာလ်ဗြီးလား ကျော်လို့လားရေ အဖွဲ့ အစု အစုစုရို့သားရဲတွင်းလက် ရောက်လားကတ်တေ ဖြစ်ခကတ်ရ ယင်းအချိန်က ဒုက္ခဆင်းရဲ ၀ဋ်ငရဲရို့ကျခထက်ပက် ရောက်လားခရေ ရခိုင်ရို့လေ ဘ၀လေ ..........။
ဒေအချိန်အေဂု မျက်မှောက်ပြုမာ နီရာဌာန အသီးသီးက ရခိုင်လူမျိုး ကမ္ဘာ့ရွာတစ်ရိုးက ရက္ခိတနွယ် ရခိုင့်နွယ်ရို့ ရခိုင်စည်ကြီး ဗြိန်းစောင်တီးကေ ရိုးတောင်ခြီကို လာကတ်ဝေ လက်တိချိတ်ဗျာလ် ညီကတ်မေ ဗြိန်းစောင်တီးကေ ညီကတ်မေ ..... ရိုးတောင်ခြီမာ ဆုံကတ်မေ ......။
(Credit Original upload)
Comments
Post a Comment