ရခိုင် လူငယ်ညီလာခံ အကြိုတွေ့ဆုံပွဲ
"ရခိုင်လူငယ်ညီလာခံအကြိုတွေ့ဆုံပွဲ မာန်အောင်မြို့ အောင်ဇေယျခန်းမတွင်ကျင်းပ "
စောသျှညို
သဇင်ပန်းခိုင်|ဒီဇင်ဘာ ၂၅
ရခိုင်လူငယ်ညီလာခံတစ်ခုကျင်းပပြုလုပ်ရန်အတွက် အကြိုတွေ့ဆုံပွဲကို ရခိုင်ပြည်နယ်၊ မာန်အောင်မြို့|မြို့မအထက်တန်းကျောင်းရှိ အောင်ဇေယျခန်းမတွင် ဒီဇင်ဘာလ ၂၅ ရက် ယနေ့နံနက်မှ စတင်ကျင်းပနေကြောင်း သတင်းရရှိသည်။
ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေးအစပြုကော်မတီ၏ ပြန်ကြားရေးဒုတာဝန်ခံ ကိုထွန်းလှိုင်က"ဒီတွေ့ဆုံဆွေးနွေးပွဲက ကျွန်တော်တို့ ပြည်နယ်က တစ်မြို့နယ်က ငါးဦးစီရယ်|ရန်ကုန်|မန္တလေး|ဖားကန့်|ဧရာဝတီရယ် ၂၁ မြို့နယ်က ၁၀၅ ယောက်ပါ။
ဒီလူငယ်တွေရဲ့အကြံဥာဏ်တွေနဲ့ရခိုင်လူငယ်ညီလာခံကြီးတစ်ခုကို ဘယ်လိုတည်ဆောင်ကြမလဲ။အဲဒီလိုတည်ဆောက်ဖို့အတွက် ဘယ်လိုကော်မတီတွေဖွဲ့မလဲ စသဖြင့် အားလုံးသဘောတူတဲ့ ရလာဒ်တွေအတွက် အကြိုတွေ့ဆုံပွဲကို လုပ်ရတာပါ။ဟု သဇင်ပန်းခိုင် သတင်းဂျာနယ်သို့ ပြောသည်။
အဆိုပါအကြိုတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ၅ ရက်ကြာ
ပြုလုပ်သွားမည်ဖြစ်ကာ အကြိုတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် ၁၇ ခုမြို့နယ်|ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ|မန္တလေး|ပလက်ဝစသည်တို့မှ ကိုယ်စားလှယ် ၁၀၅ဦး|အစပြုကော်မတီဝင် ၂၁ ဦး |မီဒီယာ ၃ ခုတက်ရောက်ကြောင်း သိရသည်၊၊
"မီဒီယာကတဆင့် တစ်ကမ္ဘာလုံးမှာ ရောက်နေတဲ့ ရခိုင်လူငယ်တွေရော့| တခြားတိုင်းရင်းသား လူငယ်တွေကိုပါ ရခိုင့်လူငယ်တွေရဲ့အနာဂတ်ကို ကျွန်တော်တို့က စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့အတွက် အားလုံးပူးပေါင်းပါဝင်ကတ်ပါ။ကျွန်တော်တို့ကို ပူးပေါင်းပါဝင်ကူညီပေးကြပါလို့ အသိပေးပြောကြားချင်ပါတယ်။ဟု သူက ဆက်ပြောသည်။
ရခိုင်လူငယ်ညီလာခံကျင်းပပြုလုပ်ရန်အတွက် ပထမဆုံးအစည်းအဝေးတစ်ခုကို
မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့|ဗဟန်းမြို့နယ်|ရွှေဂုံတိုင်ရှိ ရွှေရသာစားသောက်ဆိုင်တွင် အစည်းအဝေးတစ်ခု စတင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဓါတ်ပုံ-ကောင်းမြတ်နိုင်(မောင်တော)
Comments
Post a Comment