ကျွန်တော် ရှာဖွယ်သော ပုဂ္ဂိုလ်များ
ကျွန်တော် ရှာဖွေသော ပုဂ္ဂိုလ်များ
ကျွန်တော်က ရခိုင်ပြည်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်းနှင့် အဓိပ္ပယ်ဖွင့်ဆိုချက်များ )-စာအုပ်ကို ပြုစု ရေးသားထုတ်ဝေသူ ဖြစ်သည်  ။ အကယ်၍ ရခိုင်ပြည်တွင် လူထုများက ပြည်နယ်ဖွဲ့ စည်းပုံရေးဆွဲကြပြီး အတည်ပြုကြမည် ဆိုလျှင် ကျွန်တော့်စာအုပ်မှ အချက်အလက်များ- ဥပဒေပြဋ္ဌါန်းပေးထားသော အချက်အလက်များကို အသိအမှတ် မပြု ဟု ဆိုလျှင်လည်း ကျွန်တော်လက်ခံ နားလည်ပါသည် ။
သို့ သော် ရခိုင်ပြည်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ  ညီလာခံတခု ဖြစ်ပေါ်ပြီး ရေးဆွဲပြဋ္ဌါန်းခဲ့ ပြီ ဆိုပါက သေပျော်သည့် လူစားမျိုးသာ ဖြစ်ကြောင်း ပြောကြားထားပါမည် ။
ချင်းပြည်နယ် ဖွဲ့ စည်းအုပ်ချုပ်ပုံရေးဆွဲရေး ညီလာခံ ပြုလုပ်ကြသည်မှာာ-၅-ကြိမ်မြောက် ရှိပြီဟု ကြားသိရသည် ။ သူတို့ မှာ အင်္ဂလိပ်ဘာသဖြင့် ဘာသာပြန် ပြုစုထားသည်ကိုလည်း မြင်ရသည် ။
ရခိုင်ပြည် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌါန်းပြီးစီးသောအခါ အင်္ဂလိပ်ဘာသာဖြင့် ပြုစု ရေးသားပေးမည့် ပုဂ္ဂိုလ်ကို ကျွန်တော် ရှာဖွေ ကြည့်မိပါသည် ။
----                      ----------                 -----------          ----------
၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းပုံဥပဒေကို -၁၉၉၃-ခုနှစ်မှ -၂၀၀၈-ခုနှစ်ထိ ညောင်နှစ်ပင်ညီလာခံမှ  ဆုံးဖြတ် အတည်ပြု ပေးခဲ့ ကြသည် ။ မြန်မာနိုင်ငံသည် -၁၉၄၈-ခုနှစ်တွင် လွပ်လပ်ရေးရသည် ။ ထိုအချိန်မှစ၍-၁၉၄ရ-ခုနှစ် နိင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံဖြင့် အုပ်ချုပ်နေခဲ့ သည် ။
၁၉၆၂-ခုနှစ်တွင်  ဗိုလ်ချုပ်ကြီးနေ၀င်းသည် အာဏာသိမ်းပြီး ၄င်းနိုင်ငံတော်ဖွဲ့ စည်းပုံကို ဖျက်သိမ်းလိုက်သည် ။ ၁၂-နှစ်ထိ ဖွဲ့ စည်းပုံမရှိဘဲ အုပ်ချုပ်နေသည် ။   ၁၉ရ၄-ခုနှစ်တွင် နိုင်ငံတော်ဖွဲ့ စည်းပုံ ရေးဆွဲပြီး  အုပ်ချုပ်သည် ။
၁၉၈၈-တွင်  ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းခံရပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့  ဆိုပြီး တပ်မတော်မှ အာဏာသိမ်းသည် ။
၁၉၉၃-ခုနှစ်တွင် နိုင်ငံတော်ဖွဲ့ စည်းပုံအသစ်ကို ညောင်နှစ်ပင်အမျိုးသားညီလာခံ ပြုလုပ်သည် ။  ၁၅-နှစ်ကြာ၏ ။
၂၀၀၈-တွင် ပြီးစီးသည် ။ မပြီးစီးသေးခင် -၂၀၀၄- ခုနှစ်မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားဘာသာပြန် ထုတ်ဝေရန် လိုအပ်လာသောကြောင့် ရွေးကောက်ပွဲကော်မရှင်ရုံးသည်   ဥပဒေအင်္ဂလိပ်ဘာသာပြန်အလိုရှိလာသည် ။
ရှေ့ နေချုပ်ရုံးတွင် ဥက္ကဋ္ဌအဖြစ် ဒေါက်တာထွန်းရှိန်- ဒုညွှန်ချုပ်အဖြစ် ဒေါက်တာသောင်းညွန့် တို့  ရှိသည် ။ -၂၀၀၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စာအုပ်တခုလုံးကို အဓိက ဘာသာပြန်ကာ ဆရာဦးအလုံးမောင်သည် ဒိုင်ခံရေးသားပေးရလေသည် ။
ရိုးသားဖြောင့်မတ်ပြီး ကြွားဝါမှုကင်းသော ဆရာဦးအလုံးမောင်သည် -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေကို အဓိကဘာာသာပြန် ရေးသားသူဖြစ်သည်ဟု မည်သူတယောက်ကိုမျှ ထုတ်ဖေါ်ပြောဆိုသူ မဟုတ်ချေ ။
ယခုကျွန်တော်က ထုတ်ဖေါ်ပြောပြလိုက်ပါပြီ ။
ကျွန်တော်တို့  ရခိုင်လူမျိုး ဥပဒေပညာရှင်တို့ မှာ ခပ်ညံ့ ညံ့  လူတွေ မဟုတ်ကြောင်း သိစေချင်လှပါသည် ။
ဤမျှ ဆိုလျှင် ဥပဒေပညာရှင် အင်္ဂလိပ်ဘာသာပြန် ဆရာ ဦးအလုံးမောင် အကြောင်းကို လူတွေ သိသွားကြမည်ဟု ယုံကြည်ပါသည် ။
ခိုင်အောင်ကျော်  (  နယူးယောက်  )
(  ရှယ်ယာ ပေးကြပါရန် ) 
(  ၂၀၀၈- နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေကို အဓိက အင်္ဂလိပ်ဘာသာပြန် ရေးသားပေးခဲ့ သော ဆရာဦးအလုံးမောင်ကို မြင်တွေ့ ရစဉ် )
Comments
Popular posts from this blog
စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များ
အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ
စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ