---------------------
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လို အဖြေရှာနေသလဲ ဆိုတဲ့ သုံးသပ်တင်ပြချက်နှင့်အတူ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအပြီး လွတ်လပ်စွာ ပညာသင်ကြားခွင့် လေးနှစ်ကျော် ဆုံးရှုံးနေကြသည့် ကမန်တိုင်းရင်းသားများ၏ အခြေအနေတို့ကို သတင်းသုံးသပ်ချက်များတွင် ဖတ်ရှုရမည်ဖြစ်ပါသည်။
ယင်းအပြင် မကြာသေးခင်က ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်၏ ပြည်နယ်အတွင်း ဆောင်ရွက်ချက်များနှင့် ယင်း၏ နောက်ဆက်တွဲ နိုင်ငံရေးဖြစ်စဉ်များကို စောင့်ကြည့်မှတ်တမ်းဖော်ပြချက်အပါအဝင် ဆင်းရဲမွဲတေနေသည့် ရခိုင်ဒေသအတွင်း တန်းတူညီမျှမှုတွင် မည်သည့်အရာများက ကွာခြားချက်ဖြစ်နေသည် တို့ကို လေ့လာတင်ပြချက်များတွင် ဖတ်ရှုရမည်ဖြစ်ပါသည်။
စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍများအဖြစ် ရခိုင်ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါးဂိုဏ်းများ လှုပ်ရှားမှုတချို့အပါအဝင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးအားနည်းများကို သုံးသပ်တင်ပြချက်နှင့် ရခိုင်သယံဇာတ ခွဲဝေခွင့် လမ်းလျှောက်ချီတက်လှုပ်ရှားသူတို့၏ မျှော်လင့်ချက် ပြည့်နိုင်မည်၊ မပြည့်နိုင်မည်တို့ကို ဆန်းသစ်စွာ တင်ပြထားမှုများကို ဖတ်ရှုရမည်ဖြစ်ပါသည်။
အမျိုးသမီးနှင့် လူ့အခွင့်အရေးကဏ္ဍများအဖြစ် စစ်တွေမြို့နယ်မှ လူကုန်ကူးခံ အမျိုးသမီး ၁၄ ဦး၏ ဘဝတစိတ်တဒေသ ရုန်းကန်လှုပ်ရှားရမှုများကို ဖတ်ရှုရမည်ဖြစ်သလို ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရင်းနှီးမြုပ်နှံမှုပမာဏ မြင့်တက်လာနိုင်ခြင်း မရှိမှုတို့ကိုလည်း ယခု ဒီဇင်ဘာလထုတ်တွင် ဖတ်ရှုရမည်ဖြစ်ပါသည်။
ကြားဖြတ်ရွေးကောက်ပွဲ၏ ရလဒ်သည် ရခိုင်နိုင်ငံရေးကို မည်မျှပြောင်းလဲနိုင်မည်ဆိုသည့် သုံးသပ်ချက်နှင့် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်စပါး အရည်အသွေးများ လျော့နည်းခြင်းတို့ကို နက်ရှိုင်းစွာ လေ့လာတင်ပြထားသည့် ဒေသစီးပွားရေးလုပ်ငန်းအခွင့်အလမ်းများအပြင် သတင်းတင်ပြချက်များကို........
ကောင်းမွန်သည့် စက္ကူအရည်အသွေး၊ ဆန်းသစ်သည့် အပြင်အဆင်များနှင့်အတူ ရခိုင်ပြည်နယ် စာဖတ်ပရိသတ်များလက်ထဲသို့ စတင်ဖြန့်ချီနေပါကြောင်း အသိပေးအပ်ပါသည်။
No comments:
Post a Comment