“ရခိုင်တိုင်းရင်းသားများ နေရပ်စွန့်ခွါစေရန် ရည်ရွယ်၍ အကြမ်းဖက်မှုများ လုပ်ဆောင်ဟုဆို”
==================================================
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် ဒေသတွင်း အုပ်ချုပ်ရေးယန္တရားပျက်ယွင်းပြီး ဒေသခံတိုင်းရင်းသားများ မနေထိုင်ဝံ့တဲ့ နေရပ်စွန့်ခွါစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း မောင်တာမြို့ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲချုပ်သူရစန်းလွင်က ပြောကြားသည်။
မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ဘင်္ဂလီ ၆၀၉ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ၄င်းက ပြောဆိုသည်။
အကြမ်းဖက်မှုကျူးလွန်သူ အများစုသည် အကြမ်းဖက်သင်တန်းတက်ရောက်ထားသူများဖြစ်ကြပြီး ကျေးရွာများရှိ ဘင်္ဂလီများကို စည်းရုံးထားကြောင်း ရဲချုပ် သူရစန်းလွင်က ကျီးကန်းပြင်နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်တွင် ဒီဇင်ဘာ ၂၁ ရက်နေ့က မောင်တောမြို့သို့ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့သည်။
မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုတွင် ပါဝင်သူများစုသည် ပြစ်ဒဏ်များကြောင့် ထွက်ပြေးတိမ်းရှောင်သူ အများစုပါဝင်နေကြောင်း မောင်တောမြို့ မြို့မတောင်ရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ဦးလှသိန်းကပြောကြားသည်။
No comments:
Post a Comment