စစ်မှန်ပြီး မျှတသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုအတွက် ဆွေးနွေးခြင်းများ အမြန်ဆုံးစတင်ရေး မြောက်ပိုင်း မဟာမိတ်လေးဖွဲ့က သဘောထား ထုတ်ပြန်
စစ်မှန်ပြီး
မျှတသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုအတွက် ဆွေးနွေးခြင်းများ
အမြန်ဆုံးစတင်ရေး မြောက်ပိုင်း မဟာမိတ်လေးဖွဲ့က သဘောထား ထုတ်ပြန်
---- ---- ----
စစ်မှန်ပြီးမျှတသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများအတွက် တွေ့ ဆုံဆွေးနွေးရန် မြန်မာနိုင်ငံ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ အနေဖြင့် အဆင်သင့်ရှိနေပြီး တွေ့ဆုံဆွေးနွေးခြင်းများ အမြန်ဆုံး စတင်ရေးအတွက် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၁ ရက်နေ့စွဲဖြင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့က ထုတ်ပြန်ချက်ထဲတွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့အနေဖြင့် စစ်မှန်ပြီး မျှတသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုအတွက် တွေ့ဆုံဆွေးနွေးရန် အဆင့်သင့်ရှိကြောင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၄ ရက် စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ သည့်အတိုင်း တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးစတင်ရန် မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ ထပ်မံသဘောထား ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။
အဆိုပါ သဘောထား ထုတ်ပြန်ချက်သည် ဒီဇင်ဘာ ၂၀ ရက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကူးမင်းမြို့ရှိ World Trade Center တွင် မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန် ဦးဆောင်သည့် တရုတ် ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များ ဖြစ်ကြသည့် KIA / KIO ၊ PSLF / TNLA ၊ MNDAA ၊ AA တို့မှ ကိုယ်စားလှယ် နှစ်ဦးစီ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မြန်မာပြည် မြောက်ပိုင်းမဟာမိတ် ကိုယ်စား ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က “အဓိက ကတော့ လက်ရှိမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ စစ်ရပ်ဆဲမလည်း လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့တုန်းမှာ ကူးမင်းမှာ ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ဆုံမယ့် အခြေအနေကိုမူတည်ပြီး မတွေ့ဖြစ်ခဲ့တာ ရှိတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုး ဆက်ပြီးတော့ တွေ့ဆုံနိုင်မလဲဆိုတဲ့ နည်းလမ်းပေါ်မှာ အဖြေရှာမလဲဆိုတာ အပေါ် မူတည်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ရဲ့ ရပ်တည်ချက်ကိုလည်း မစ္စတာဆွန်ကော့ရှန် ကို တင်ပြနိုင်ခဲ့တယ်။ သူလည်း ကောင်းကောင်းလေး နားထောင်ပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ အဖြေရှာမလဲဆိုတာ စကားပြောခဲ့ ဆွေးနွေးခဲ့ကြတယ်” ဟု ဒီဇင်ဘာ ၂၂ ရက် က The Ladies News သို့ပြောသည်။
၎င်းက ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးပွဲများ မစခင် မြန်မာနိုင်ငံ ငြိမ်း ချမ်းရေး ကော်မရှင် အဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံမှုများ ရှိကြောင်း ဆိုသည်။ ယနေ့တွင်လည်း ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ်တို့အကြား အခြေအနေနှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်သွားရန် ရှိကြောင်း ဆိုသည်။ တွေ့ဆုံမည့်ရက်ကို ထုတ်ပြန်ကြေညာသွားရန် ရှိကြောင်း ပြောသည်။
ဒေါက်တာညိုထွန်းအောင်က “ရက်ကတော့ ဒီနေ့ပဲ၊ နောက်ထပ် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ဖို့ရှိသေး တယ်။ ငြိမ်းချမ်းရေး ကော်မ ရှင်နဲ့ ကျွန်တော်တို့ကြားထဲက သူတို့ဘက်က အလွတ်သဘော တွေ့ ဆုံဖို့ကိစ္စရယ် ကျွန်တော်တို့ လေးဖွဲ့ရဲ့ သဘောထား သူတို့တွေ့ ဆုံမူအပေါ်မှာ ထုတ်ပြန်ကြေညာချက် ထုတ်ဖို့ရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ငြိမ်း ချမ်းရေး ကော်မရှင်နဲ့ ကျွန်တော်တို့ကြားထဲမှာ ဘယ်လိုပုံစံမျိုး အနေနဲ့ အသွားအလာရှိသလဲ ဆိုတာ နည်းနည်း ထုတ်ပြန်ကြေညာဖို့ ရှိတယ်”ဟု ပြောသည်။
နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အညီ အကျအဆုံးများ မြင့်တက် လာနေပြီး အရာရှိကြီးများ ပါ ကျဆုံးသည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။ နှစ်ဖက်အကျအဆုံးများလေ ယုံကြည်မှု ပိုမိုပျက်ပြားပြီး အခဲမကြေမှု ပိုမိုများပြား လာတတ်ပေရာ ငြိမ်းချမ်းရေး အတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦး ဖြစ်သည့် ဦးမောင်မောင်စိုး က၄င်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွင် သုံးသပ်ရေးသားထားသည်။
၎င်းက ဆက်လက်ပြီး ပြည်တွင်းရှိ ပဋိပက္ခများ ပြင်းထန်လာပါက နိုင်ငံတကာ၏ ပါဝင်စွက်ဖက်မှုများ ပို၍ များပြားလာမည် ဖြစ်သည်ကို သတိပြု ကြရန် လိုအပ်ကြောင်း၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက် ဖက်ရေးမူသည် ကမ္ဘာကြီးက ရွာကြီးဖြစ်လာပြီး နောက်ပိုင်း တစ်စစ အားပျော့လာနေသည်ကို တွေ့နေရကြောင်း သုံးသပ်ထားသည်။
Credit : The Ladies News
http://www.theladiesnewsjournal.com/…/thu-2016-12-22-1…/4530

Comments
Post a Comment