တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် ယနေ့ တိုက်ပွဲလေးနေရာဖြစ်
တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ယနေ့ တိုက်ပွဲ ၄ နေရာ ဖြစ်ပွား လေယာဉ်ပစ်ခတ်မှုကြောင့် လူနေအိမ် ၂ လုံး မီးလောင် ပျက်စီး
တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ယနေ့ တိုက်ပွဲ ၄ နေရာ ဖြစ်ပွား လေယာဉ်ပစ်ခတ်မှုကြောင့် လူနေအိမ် ၂ လုံး မီးလောင် ပျက်စီး
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်
တအာင်းဒေသ၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့နယ်၌ ယနေ့တစ်ရက်တည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာ့တပ်မတော်တို့ ယနေ့ တစ်ရက်တည်း တိုက်ပွဲ ၄ နေရာဖြစ်ပွားခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်း ယနေ့ နံနက် ၀၈း၀၀ နာရီမှ ၀၈း၅၀ နာရီအချိန်ထိ တော့စန်ကျေးရွာအနီး၊ နံနက် ၀၈း၁၀ နာရီမှ ၀၈း၅၀ နာရီအချိန်ထိ ဂျဘော့ကျေးရွာနှင့် တော့စန်ကျေးရွာကြား၊ နံနက် ၀၉း၃၀ နာရီမှ နေ့လည် ၁၂း၄၀ နာရီအချိန်ထိ ဂျဘော့ကျေးရွာနှင့် တော့စန်ကျေးရွာကြား၊ ညနေ ၁၆း၃၀ နာရီမှ ၁၇း၁၅ နာရီအချိန်ထိ ညောင်မောင်းကျေးရွာအနီးတို့၌ တိုက်ပွဲ ၄ နေရာ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ညောင်မောင်းကျေးရွာအနီး တိုက်ပွဲဖြစ်နေချိန်တွင် မြန်မာ့တပ်မတော်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ပစ်ခတ်မှုမပြုဘဲ ညနေ ၁၆း၃၀ နာရီမှ ၁၆း၅၅ နာရီအချိန်ထိ ညောင်မောင်းကျေးရွာအတွင်း လာရောက်ပစ်ခတ်ခဲ့ရာ လူနေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့သည်။ ပြည်သူထိခိုက်မှု ရှိမရှိ မသိရသေးပါ။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Comments
Post a Comment