လေးမြို့ခေတ်သာဆိုသျှိင် ရခိုင်သူမြတ်ရွီးထားရေ ( လောကသာရပျို့)
ရခိုင်ဘုရင်မင်းထီးလက်ထက် ရခိုင်အမျိုးသားဆရာတော် စာဆိုသျှင် ရခိုင်သူမြတ်ရေးသားခဲ့သည့်
ဤ ပျို့သည် မြန်မာနိုင်ငံတွင် ရှေးအကျဆုံး၊အပြောင်မြောက်ဆုံးနှင့်
ယနေ့တိုင်အောင် ထိပ်တန်းအသုံးဝင်ဆဲ ဖြစ်သော ဂန္ထဝင် ပျို့တစ်ခုဖြစ်သည်။
ဤ ပျို့သည် မြန်မာတစ်နိုင်ငံလုံးက လူများအတွက် အသုံးအဝင်ဆုံးသော
ပျို့တစ်ခုဖြစ်သည်မို့ ယနေ့ထိတိုင် လူအများက တွင်ကျယ်စွာ သုံးစွဲလျက်ရှိကြဆဲ ဖြစ်သည်။နောင်လည်းအသုံးဝင်နေမည်သာဖြစ်သည်။ငယ်ငယ်က သတ္တမတန်းတွင် အားလုံး သင်ဖူးခဲ့ကြသည့် မြန်မာနိုင်ငံ၏ အပြောင်မြောက်ဆုံး၊အဖိုးအတန်ဆုံး၊
ရှေးအကျဆုံးနှင့် လူကြိုက်အများဆုံး ပျို့ဖြစ်သည်။
ဤမျှကောင်းမွန်ပြောင်မြောက်သေသပ်သည့် ပျို့ကဗျာအမျိုးစားကို ဗမာဆိုသူတို့ ဤတစ်သက်မပြောနှင့်။နောင်ဘုရင်ပွင့်သည့်တိုင်အောင် ရေးနိုင်လိမ့်မည် မဟုတ်သည်မှာ မြေကြီး လက်ခတ် မလွဲပေ။
ဤ ဂန္ထဝင်ပျို့ကဗျာတစ်ခုတည်းနှင့်တင် ကျေးဇူးရှင် ရခိုင်များအပေါ် ဆဲဆိုရိုင်းစိုင်းနေသည့် ဗမာများအနေဖြင့် မဟာရခိုင်များအား နေ့တိုင်းထိုင်ကန်တော့ နေသင့်သည်။ဤပျို့ကဗျာတစ်ခုတည်းနှင့်တင်
ဗမာတို့အဖို့ သေလို့ရသည်။
ရခိုင်အမျိုးသားဆရာတော် စာဆိုသျှင်
ရခိုင်သူမြတ်သည်မင်းထီးဘုရင်လက်ထက် (အေဒီ-၁၂၈၃) မြန်မာသက့ရာဇ် (၆၄၅) တွင် ထင်းရှားသော
ရဟန်းပညာရှိတစ်ဦး ဖြစ်သည်၊ သက့ရာဇ် (၆၈၈) ခုနှစ်တွင် မင်းလျင်စောသည် မစ္ဆဂီရိသရက်မြို့ကိုတည်၍
နေသည်၊ သက်လူမျိုးတို့ အုပ်စိုးသောကြောင့် သက်မင်းလျင်စောဟု တွင်သည်၊ ၎င်းတွင် စောစုံ၊ စောဖြူ၊
စောတူဟူ၊ သားတော်သုံးပါးရှိသည်။ သက်တို့သည် အင်အားကောင်းလာ သောအခါ ရခိုင်ရိုးမတောင်စဉ်
တောင်တန်းရှိကျေးရွာများကို သွားရောက်တိုက်ခိုက်လေရာ ရခိုင်ဘုရင်မင်းထီးသည် အမတ်ကြီးရာဇစည်သူသင်္ကြန်ကို စေလွှတ်၍ သရက်မြို့ကို သိမ်းခိုင်းသည်။
သက့ရာဇ် (၆၉၅)ခုတွင် အမတ်ကြီးသည် စစ်သည်ဗိုလ်ပါအများနှင့် ရခိုင်ရိုးမကိုကျော်ဖြတ်၍ သက်မင်း
လျင်စောအား သားတော်သမီးတော်။ မိဖုရား မောင်းမနှင့်တကွ ရခိုင်သို့ခေါ်ဆောင်ခဲ့လေသည်။ ရခိုင်ဘုရင်မင်းထီးသည်လည်း သက်မင်းလျင်စောအား ကောင်းစွာ ချီးမြှင့်မြှောက်စားထားသည် ထိုအခါ မင်းလျင်စောသည် သူ၏သားတော်များအား ပိဋကတ်ဗေဒင်အရာ ကျွမ်းကျင်တတ်မြောက်သော ရခိုင်သူမြတ် ‘ဆရာတော်ထံ' အပ်နှံ သင်ကြားစေလေသည်။
မင်းသုံးပါးလုံးလည်း ပိဋိကတ်၊ ဗေဒင် သင်တတ်လေလျင် ဆရာသူမြတ်သည် ဤသို့အိပ်မက်မြင်မက်
သည်။ နောင်တော်ကြီးစောစုံသည် စမုန်မြစ်ရေကို သောက်ကုန်သည်ဟုမက်သည်။ ညီလတ်စောဖြူသည် ဖိုးဦးမော်ရေကိုလည်းကောင်း၊ ညီတော်အငယ်စောတူသည် အဝမြတ်ရေကို သောကှုကုန်သည်ဟုလည်းကောင်းမြင်မက်သည်။ ဆရာသူမြတ်လည်း မင်းသုံးပါးကိုခေါ်၍ အမောင်တို့ စစ်ကိုင်း ပင်းယသို့သွား၍နေကြလေ၊မင်းချည်းဖြစ်ကြလိမ့်ဟုမိန့်သည်။ ညီနောင်သုံးပါးတို့လည်း သက္ကရာဇ် (၇၀၅)ခုတွင် အရှေ့ပြည်သို့သွားကြလေသည်။ စစ်ကိုင်းပင်းယသို့ရောက်လျင် စောစုံသည် မြင်းစိုင်းမြို့ကို စားရ၏။ စောဖြူသည်ပြည်မြို့ကိုစားရသည်။ စောတူသည် အမြင့်မြို့ကို တရဖျားစောကဲအမည့်ဖြင့် စားရသည်။ နောင်အခါ အမြင့်စား တရဖျားစောကဲသည် အင်းဈမြို့တွင် ‘မင်းကြီးစွာ စောကဲ'အမည်ဖြင့် မင်းဖြစ်လေသည်။ မင်းဖြစ်တစ်ဆယ့် ခြောက်နှစ်ကြာမြင့်သောအခါ မင်းကြီးသည် မိမိငယ်ဆရာ ရခိုင်သူမြတ်အား သတိရ၍နေပြည်တော်သို့ပင့်ဆောင်ကာ‘မဟာသင်္ဃရာဇာ' ဟူသော ဘွဲ့တံဆိပ် ကပ်လှူပူဇော်ပြီး ကိုးကွယ်တော်မူသည်။
ထိုမဟာသင်္ဃရာဇာ တံဆိပ်နာမံကို ခံယူတော်သူသော ရခိုင်သူမြတ်သည် မင်းသုံးပါးကိုစောပေပို့ချစဉ်အ
ခါက လောကသာရပျို့ကို စီကုံးကာမင်းသားတို့အား သင်းကြားပေးလေသည်။ (မင်းသုဝဏ်၊ လောက်သာရပျို့ အဖြေအဘိဓာန်၊ စာ -ဆ။ ၁၃၁၇၊)
လောကသာရပျို့မှာ အမျိုးလေးပါးကိုဆုံးမသော အခန်းများပါရှိ၍ ငယ်ရွယ်သူများအား ဗလငါးတန် ပြည့်ဝ
စေရေးအတွက် ဆိုဆုံးမရန်လွန်စွာ အဖိုးတန်ပေသည်။ နိုင်ငံတော်အစိုးရက ကျောင်းသင်ဘာ သာရပ်အဖြစ် ပြဋ္ဌာန်းခွင့်ပြုထားရာ ပေါပေါများများ တွေ့ရှုအထူးဖော်ဖြရန် လိုမည်မဟုတ်ပေ။
ယခုဖော်ပြလိုသော လောကသာရပျို့မှာ ရခိုင်ပြည်မြောက်ပိုင်း သွားလာရေးခက်ခဲ့သော ဒေသများတွင်
အစဉ်အဆက်နှစ် ပရိစ္ဆေဒကြာမြင့်စွာ သိမ်းဆည်းခဲ့လာကြသော ပေပရပိုက်များတွင် မှတ်တမ်းတင်ာထးသည့်လောကသာရပျို့ပင်ဖြစ်သည်။ ရှေးရိုးရခိုင်စဉ်ဆက် ဘုန်းတော်ကြီးကျောင်းတွင် သင်အံခဲ့ရသော ပျို့ကဗျာဖြစ်သည်။ ရခိုင်ကျောက်စာအရေးအသား ဒင်္ဂါးစာအရေးအသားဖြစ်သော ရက္ခဝဏ္ဏရာဖြင့် ရေးသားထား
သည်၊
Sources။ ။ရခိုင်စာဆိုတော်များ - ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ) စာအုပ်မှ ကူးယူဖော်ပြပါသည်။
အထောက်အထားများအား ပူတွဲတင်ပြလိုက်သည်။
မှတ်ချက်။ ။ရခိုင်ပဒေသရာဇ်နိုင်ငံ၏ လေးမြို့ခေတ်သည် ဗမာ ပဒေသရာဇ်နိုင်ငံ၏ ပုဂံခေတ်နှင့် ခေတ်ပြိုင် ဖြစ်သည်။
Comments
Post a Comment