စစ်ခွေးတို့ လူစိတ်ပျောက်
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ တိုက်ပွဲသတင်းများ
#(၁) ယနေ့နံနက် (၈)နာရီခွဲအချိန်၌ ကွတ်ခိုင်မှတက်လာသော ရန်သူ့စစ်ကားကြီး (၁၈) စီးပါယာဉ်တန်းနှင့် နမ့်ဖလွန်တောင်ကြောတဝိုက်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
#(၂)ထို့အတူ နံနက် (၉)နာရီခွဲအချိန်၌ ၎င်းနေရာမှဆက်လက်ချီတက်လာသောယာဉ်တန်းနှင့် "မန့်လွဲ"နှင့် "နမ့်ဖလွန်ရွာ"ကြားတွင် ဆက်လက်လက်တိုက်ပွဲဖြစ်ပွားခဲ့သည်။
#(၃)နံနက် (၁၀)နာရီအချိန်တွင် မြန်မာစစ်တပ် တပ်ရင်း ခလရ (၁၂၃)မှ (၁၀၅) မမလက်နက်ကြီးဖြင့် (၃)ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးကျည် (၂)လုံးမှာ နားမွန်းရွာအနီးတွင် ကျရောက်ခဲ့ပြီး အခြားသော(၁)လုံးမှာ နမ့်ဖလွန်ရွာအတွင်းရှိ "လောင်စင်တူး" ၏ နေအိမ်အတွင်းသို့ကျရောက်သောကြောင့် အပြစ်မဲ့အဘွားအိုတစ်ဦးနှင့် ကလေးငယ် (၄)ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ၎င်းလူနာများမှာ ကွတ်ခိုင်ဆေးရုံသို့ သွားရောက်ကုသနေကြကြောင်းသိရှိရရှိပါသည်။
(Photos Credit)
#(၄) နံနက် (၁၁)နာရီ (၁၀)မိနစ်အချိန်၌ နမ့်အွမ်ရွာနှင့် ရထိုက်ကုမ္ပဏီဟောင်းကြားတွင် မိမိတပ်ဖွဲ့ နှင့် ရန်သူစစ်ကြောင်းတစ်ကြောင်း(တပ်ရင်းအမည် စစ်ဆေးဆဲ) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့
Northern Alliance – Burma
AA + KIA + TNLA+ MNDAA
သတင်းနှင့်မီဒီယာများဆက်သွယ်ရန်ဖုန်းနံပါတ်
မိုင်းအိုက်ကျော်
၀၉၄၉၃၁၄၉၅၁ (0949314951)

Comments
Post a Comment