မသိကိန်း x, X (အိဒ်စ်) နှင့် အချုပ်အချာအာဏာ

မသိကိန်း  x , X (အိဒ်စ်) နှင့် အချုပ်အချာအာဏာ (Edited)

x,y,z ထဲကဘယ်နေရာကတာဝန်ယူပေးမလဲ??

X (အိဒ်စ်) သည်အင်္ဂလိပ်အက္ခရာသရ၊ဗျည်း (၂၆) လုံးထဲမှ (၂၄) လုံးမြောက်စကားလုံးဖြစ်သည်။ X (အိဒ်စ်) ကို ဒိုင်းမင်းရှင်း ၊ ရှုထောင့်၊ နေရာအမျိုးမျိုးတွင်ရည်ရွယ်ချက်၊အဓိပ္ပာယ်အမျိုးမျိုးဖြင့်သုံးစွဲကြသည်။ သူငယ်တန်းကိုဖြတ်သန်းဖူးသောသူတိုင်းသည် x, X  ကိုသိရှိကြသည်။ a,b,c,d (A,B,C,D) ကိုရွတ်ဆိုသင်အံစဉ် ကာလများတွင် အက္ခရာ (၂၆) လုံးပြည့်ခါနီး၌ပို၍ဆိုကောင်းလာပြီးနောက်ဆုံးသုံးလုံးဖြစ်သော x,y,z ( X,Y,Z) ကိုပို၍မှတ်မိကြလိမ့်မည်ဟုကျနော်ထင်သည်။

သူငယ်တန်းအဆင့်ကိုကျော်လွန်၍အလယ်တန်းသို့ရောက်လာသောအခါတွင် (အငယ်စား) (x)  ကို မသိကိန်း သချာင်္ပုစ္ဆာများဖြစ်ကြသော ဂျီအိုမက်ထရစ်၊ အက်လ်ဂျီဘရာ(Geometric, Algebra)များတွက်ရာတွင်မသိကိန်း အနေဖြင့်အသုံးပြုခဲ့ကြသည်ကိုမှတ်မိနေကြလိမ့်မည်ဟုကျနော်ယုံကြည်သည်။

--------->
ကျနော်တို့သည် အချုပ်အချာအာဏာပြန်လည်ရယူခြင်းအားပုစ္ဆာတစ်ခုအနေဖြင့်တွက်ချက်ကြမည် ဆိုပါက ကျနော်တို့တွင် မသိကိန်းများစွာလိုအပ်ပေမည်။  ပထမဆုံးအနေဖြင့်အချုပ်အခြာအာဏာပြန်လည်ရရှိနိုင် မည့်ဖြစ်နိုင်ချေနည်းလမ်းများကိုအရင်ရှာဖွေရမည်။၎င်းနောက်ဖြစ်နိုင်ချေနည်းလမ်းများထဲမှ အဖြစ်နိုင်ဆုံး နည်းလမ်းများကိုရွေးချယ်၍ မကြောက်မရွံ့နောက်မဆုတ်ဘဲချီတက်ရန်လိုအပ်ပေမည်။

ဖြစ်နိုင်ချေနည်းလမ်း အချို့ထဲမှ #ရက္ခိုင်အမျိုးသားတပ်မတော်တစ်ရပ်တည်ဆောက်ရေးကို x ဟုသတ်မှတ်ပြီး #ထိုတပ်မတော်ခေတ်မီအင်အားကြီးမားလာအောင်ပြုလုပ်ရန်အမျိုးသားရန်ပုံငွေတစ်ရပ်ကို y ဟုသတ်မှတ်ပြီး #ရခိုင်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုကြီးတစ်ရပ်ပေါ်ပေါက်လာအောင်ပြုလုပ်ရန်ကို z ဟုသတ်မှတ်ပြီး တွက်ချက်ကြမည်ဆို ပါက ၎င်း x,y,z သည် အနည်းငယ်ခန့်ရုပ်လုံးပေါ်လာသော အခါ မှ ကျနော်တို့လိုချင်တပ်မက် နေကြသော အချုပ်အချာအာဏာသည် ကျနော် တို့လက် ထဲသို့ရောက် ရှိလာမည်ဖြစ်သည်။

မသိကိန်းများကိုတွက်ချက်ရှာဖွေရာတွင် မသိကိန်းတစ်လုံးကိုရှာရင်းနောက်ထပ်မသိကိန်းအသစ်တစ်လုံး ထပ်တိုးလာသည်မှာသဘာဝပင်ဖြစ်သည်။ ယခုလည်း “ အချုပ်အချာအာဏာကိုရှာဖွေထုဆစ်နေကြတုန်း အချုပ်အချာအာဏာ ကျဆုံးသည့်ရက်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဇဝေဇဝါယောင်တောင်တောင် ဖြစ်နေသည်မှာ မသိကိန်းတစ်လုံးကိုရှာဖွေရင်းမသိကိန်းအသစ်တစ်လုံးထပ်တိုးသွားခြင်း” ပင်ဖြစ်သည်။ (ယခုနှစ်တွင်ကား ပြာသိုလကွယ်နိကို ဘုံယူ၍ကျင်းပကြမည်ဟု ယူဆရသည်)

အရေးကြီးသည်မှာ မည်သည့်အရာကိုပထမဦးစားပေးလုပ်ရမည်ဆိုသည်ကို လမ်းမလွဲသွားရန်ပင်ဖြစ်သည်။ ထို့အပြင် မိဘပြည်သူများအနေဖြင့်လည်းအချုပ်အချာအာဏာပြန်လည်ရယူသည့်နေရာတွင် မည်သည့်နေရာ(x,y,z)မှ ပါဝင်မလဲ ဆိုသည်ကလည်းအရေးကြီးပေသည်။ မည်သည့်တာဝန်ကိုယူမလဲ။ တစ်ခုခုတော့ ယူကိုယူရပေမည်။

Dr. Nyo Twan Awng
Xmas Day , 2016

လွန်ခဲ့သော ၂ နှစ်မှ Post အားအနည်းငယ်ဖြုတ်၊ပြင်ဆင်၍ဖြည့်စွက်ရေးသားထားပါသည်။
Photo Credit : Doeree Arakan

Comments

Popular posts from this blog

အမ်း - ပဒါန်းလမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ထားသော အကြမ်းဖက် မွတ်ဆလင် အုပ်စုက မောင်တောမြို့နယ်ရှိ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေ

အကြမ်းဖက်ဝါဒ ကြီးစိုးလာနေသည့် ဘဂ်လားဒေ့ရှ်